Pages

Monday, January 11, 2016

စမ်းချောင်း၊ဂွဈေးအနီး မီးလောင်မှုဖြစ်ပွား

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ဂွဈေးအနီးရှိ မြသီတာလမ်းတွင် ယနေ့ နံနက် ၁၁ နာရီ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ဆယ့်လေးလုံးခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ၁၁ နာရီ ၃၅ မိနစ်ခန့် အကြာတွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှု အဆင့် ၄ သတ်မှတ်၍ ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၆၇ စီး ၊မီးသတ်တပ်ဖွဲ့ဝင် ၃၀၀ ခန့် ဖြင့် ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ယနေ့(ဇန်န၀ါရီ ၁၁ ရက်) နံနက် ၁၁ နာရီ ၁၅ မိနစ်က စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကာ မီးသတ် တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


(ဓာတ်ပုံ - ရှိုင်းလင်းအောင်၊ ဝေလင်းအောင်)

မီးလောင်မှုဖြစ်ပွားသည့် နေရာတွင် တပ်မတော်သားများလည်း လုံခြုံရေးယူပေးနေပြီး မီးစတင်လောင်သည့်အိမ်ရှင် ဒေါ်ရင်ရင်သန်းကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူမည် ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။
7 Day