Pages

Wednesday, January 20, 2016

တူးပို့ နာမည် မသုံးတော့ဘူးလို့ ကုမ္ပဏီ ပြော


 ဒီနှစ် သင်္ကြန် ကာလ အမီ ဈေးကွက် ထဲမှာ တူးပို့ နာမည် သုံး ဘီယာ တွေ မရှိ တော့ဖို့ စတင် လုပ်ဆောင် နေ။
 တူးပို့ ဆိုတဲ့ စကားလုံးကို ဘီယာ ပုလင်း ပေါ် မှာ အမှတ် တံဆိပ် အနေနဲ့ သုံးစွဲ လာတဲ့ အတွက် မြို့မ ဆရာငြိမ်း ရဲ့ မိသားစုဝင် တွေ က ကန့်ကွက် ခံထားရတဲ့ Carlsberg Myanmar ကုမ္ပဏီ က သူတို့ အနေနဲ့ အဲဒီ့ စကားလုံးကို ဈေးကွက် ထဲမှာ ဆက်လက် မသုံးစွဲ တော့ဘူး လို့ ထုတ်ပြန် ပါတယ်။

Carlsberg Myanmar ကုမ္ပဏီ ထုတ် Tuborg ဘီယာ ဟာ အသံ ထွက် ခပ်ဆင်ဆင် တူနေတဲ့ တူးပို့ စကားလုံးကို သုံးစွဲပြီး ဈေးကွက် ထဲ ဖြန့်ချီ လာတဲ့ နောက်၊ တူးပို့ သင်္ကြန်သီချင်း ရှင် မြို့မငြိမ်း မိသားစု ရဲ့ ကန့်ကွက် တာ ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုတော့ ဒီနှစ် သင်္ကြန် ကာလ အမီ ဈေးကွက် ထဲမှာ တူးပို့ နာမည် သုံး ဘီယာ တွေ မရှိ တော့ဖို့ စတင် လုပ်ဆောင် နေပြီး၊ စနစ်တကျ ဆောင်ရွက် ရမှာ ဖြစ်လို့ အဲဒီ့ အချိန် ထိ သည်းခံ နားလည် ပေးကြပါ လို့လည်း ဘီယာ ကုမ္ပဏီ က ဆိုထားပါတယ်။

ဘီယာ ကုမ္ပဏီနဲ့ ဆရာ မြို့မငြိမ်းရဲ့ မိသားစုတွေ ၄ကြိမ် တွေ့ဆုံ ခဲ့ပြီး သဘောမတူ တဲ့ အကြောင်း ပြောထားတဲ့ ကြားကပဲ တူးပို့ ဆိုပြီး မြန်မာ စာလုံး အမှတ် တံဆိပ်တပ် ကာ ဈေးကွက် ထဲ ရောက်လာတာ ဖြစ်တယ်လို့ မြို့မငြိမ်း မိသားစု က ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကပဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့ ပါတယ်။

BBC Burmese