Pages
▼
Friday, January 8, 2016
ယူကရိန်းအနာက်ပိုင်းသို့ တခြားကမ္ဘာမှဂြိုဟ်သားများ လာရောက်လည်ပတ်ဟုဆို (ရုပ်သံ)
ယူကရိန်းနိုင်ငံအနောက်ပိုင်း၊ ရိုဇော့ဗ်ကာမြို့အနီးမှာ အမျိုးအမည်မသိယာဉ်တစီး ဖြတ်သန်းသွားခဲ့ပြီးနောက်မှာ မျက်မြင်တွေ့ရှိခဲ့သူတွေက ဒါဟာ တခြားကမ္ဘာက ဂြိုဟ် သားတွေလာရောက်လည်ပတ်တာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
အဲဒီ အမျိုးအမည်မသိယာဉ် (ယူအက်ဖ်အို) ဟာ မြို့အနီးကောင်းကင်ပေါ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဖြတ်သန်းသွားခဲ့တာလို့ ဗြိတိန်အခြေစိုက် မေရာသတင်းမှာ ဖော်ပြပါတယ်။
စီစီတီဗွီကင်မရာမှာ ဖမ်းယူရရှိခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာတော့ အဖြူရောင်အရာဝတ္ထုဟာ တိမ်ထဲကို လျင်မြန်စွာပဲ ဖြတ်သန်းသွားခဲ့တာကိုတွေ့ရပြီး ဘာဆိုတာကို သဲသဲကွဲ ကွဲမတွေ့ရဘူးလို့ ဆိုပါတယ်။
မျက်မြင်သက်သေတွေရဲ့အဆိုအရ အဲဒီယာဉ်မှာ တောင်ပံတွေကို သတိမထား မိခဲ့ပဲ ဒါဟာ လေယာဉ်တစီးမဟုတ်ဘူးလို့ ဆိုပါတယ်။
မြို့ပြနဲ့ စစ်ဘက်လေကြောင်းဆိုင်ရာတာဝန်ရှိသူတွေက ခုတွေ့ရှိရတဲ့ မှတ်တမ်း တင်ဗွီဒီယိုဖိုင်ထဲမှာ လေယာဉ်တစီးလို့ ယူဆရတဲ့မှတ်တမ်းမရှိဘူးလို့ ပြောပါတယ်။
ဒေသတွင်းအင်တာနက်ဖိုရမ်အသုံးပြုသူတဦးက “ဒီအရာဝတ္ထုဟာ ဆောင်းဦးရာ သီကတည်းက ဒီအနီးအနားတ၀ိုက်မှာ ပျံဝဲနေခဲ့တာ” လို့ ပြောပါတယ်။
“ကျနော်ဒါကို ၂ ကြိမ်လောက်တွေ့ပြီးပါပြီ။ တခါတရံမှာ အဲဒီအရာဟာ မြို့ဆီကို ဦးတည်ပျံသန်းနေပြီး တခါတလေတော့ ပြောင်းပြန်လမ်းကြောင်းနဲ့ ဆလိုဗက်ကီးယား နိုင်ငံဘက်ကို ဦးတည်ပျံသန်းနေတာကို တွေ့ရတာပါ။ အစကတော့ ဒါကို မိုးလေ၀သပူ ဖောင်းတလုံးလို့ထင်ခဲ့တာ။ ဒါပေမယ့် ဒါကကြီးလွန်းနေတယ်။”
DVB