Pages

Sunday, February 14, 2016

ထိုင်ဝမ်ငလျင် ပြိုကျအဆောက်ဦ အလောင်းရှာဖွေမှု အဆုံးသတ်၊ ၁၁၄ ဦး သေဆုံး


ထိုင်ဝမ်မှာ အရင်တပတ်က ငလျင်လှုပ်ခဲ့ပြီး ပြိုကျသွားတဲ့ အဆောက်အဦထဲက အလောင်းတွေကို ရှာဖွေနေတာ အဆုံးသတ်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရှာဖွေမှုတွေကို အဆုံးသတ်ခဲ့တာဖြစ်ပြီး ၁၁၄ လောင်းကို တွေ့ရှိရတယ်လို့ မြို့တော်အရာရှိတွေက ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ အလောင်းအားလုံးကို ပြန်တွေ့ရပြီဖြစ်လို့ ရှာဖွေရေးကို အဆုံးသတ်လိုက်တာဖြစ်ကြောင်း တိုင်နန်မြို့တော်ဝန် ၀ီလျှံ လိုင်းက ထိုင်ဝမ် အခြေစိုက် ရုပ်သံလိုင်းတခုကို ပြောပါတယ်။
၆ ဒသမ ၄ ပြင်းအားရှိတဲ့ ငလျင်ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့ အရုံမတက်ခင်မှာ လှုပ်ခတ်ခဲ့ပြီး တိုင်နန်မြို့ရဲ့ အထင်ကရ ၁၇ ထပ် အဆောက်အဦကြီး ပြိုကျခဲ့ပါတယ်၊
အဆောက်အအုံထဲမှာ နေထိုင်သူ ၂၅၆ ယောက်ပဲ စာရင်း ရှိပေမယ့် ဖြစ်ဖြစ်ချင်း ရှာဖွေ ကယ်ဆယ်ရေး လုပ်တဲ့အချိန်မှာ လူပေါင်း ၂၈၉ ယောက်ကို ဆွဲထုတ်ခဲ့ရပါတယ်။
သူတို့ထဲက ၁၇၅ ယောက်က အသက်ရှင်ပြီး ၉၆ ယောက်ကိုတော့ ဆေးရုံပို့ခဲ့ရတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ ဒါပေမယ့် တနင်္လာနေ့ နှောင်းပိုင်းက စလို့ အသက်ရှင်လျက် ကယ်ထုတ်နိုင်သူ မရှိတော့ဘဲ အလောင်းတွေကိုပဲ ဆွဲထုတ်ခဲ့ရပါတယ်။
ပြိုကျသွားတဲ့ အဆောက်အဦကို တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီက တာဝန်ရှိသူ ၃ ဦးကို ဖမ်းဆီးထားပြီး တရားတော့ မစွဲရသေးပါဘူး။
DVB