Pages

Friday, February 26, 2016

တယ်လီနောက နံပါတ်အလှများကို လေလံတင်ရောင်းချရာတွင် နံပါတ်တစ်ခုတည်းအတွက် ကျပ်သိန်း ၁၁၂၀ ဖြင့် လေလံအောင်



တယ်လီနောက နံပါတ်အလှများ လေလံတင်ရောင်းချပွဲကို ဖေဖော်ဝါရီ ၂၅ ရက်က Chatrium ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ အထူးနံပါတ် ၁၀၀ ကျော်ကိုလေ လံတင်ရောင်းချရာ နံပါတ် ၅၅ ခုရောင်းချ ခဲ့ရပြီး စုစုပေါင်းရရှိငွေမှာ ကျပ်သိန်း ၄၈၀၀ ကျော်ဖြစ်ကြောင်းသိရသည်။ ယခု လေလံပွဲ မှာ တယ်လီနောက ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်သည်။

နံနက်အစောပိုင်းမှ ညမိုးချုပ်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး လေလံဆွဲသူများမှအပ မီဒီယာများကို ၀င်ရောက်ခွင့်မပြုခဲ့ကြောင်း သိရသည်။

ဈေးနှုန်းအများဆုံးပေး၍ လေလံဆွဲ ၀ယ်ယူသွားသောနံပါတ်မှာ ၀၉၇၇၇၇၇၇၇၇၇ ဖြစ်ပြီး ကျပ်သိန်း ၁၁၂၀ အထိ ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒုတိယအများဆုံးအဖြစ် ၀၉၇၇၉၉၉၉၉၉၉ မှာ ကျပ်သိန်း ၄၂၀ ရရှိခဲ့ ပြီး ကျပ်သိန်း ၃၃၀ ရရှိခဲ့သော နံပါတ်မှာ ၀၉၇၇၈၈၈၈၈၈၈ ဖြစ်ကြောင်းသိရသည်။ ကြမ်းခင်းအဖွင့်ဈေးကို ကျပ် သိန်း ၃၀ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

တယ်လီနောအနေဖြင့် လေလံတင် ရောင်းချရာမှ ကျပ်သိန်း ၄၈၀၀ ကျော်ရရှိခဲ့ရာတွင် ကျပ်သိန်း ၃၁၀၀ ကို  ၂၀၁၆ ခုနှစ် ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ်များအတွက် myME ရွေ့လျားပညာသင်ကြားရေးသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
EMG