ရေကန်နံဘေးမှာ မိကျောင်းခေါင်းတို ၂ ကောင်း ညှာတာမှု ကင်းမဲ့စွာနဲ့
တိုက်ခိုက်နေတဲ့ ရုပ်သံကို ဓာတ်ပုံ ဆရာတဦးက ဖေဖော်ဝါရီ ၃ ရက်နေ့က
ယူကျူပေါ်တင်ခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါမှာ မိကျောင်း ၂ ကောင်ဟာ အချင်းချင်း
ကိုက်ခဲနေတာကို ပရောဖက်ရှင်နယ် ဓာတ်ပုံဆရာ ဂျရာမီယန် ဂျွန်ဆင်က အမိအရ
မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။
မိကျောင်းတကောင်မှ ပြင်းထန်တဲ့ဒဏ်ရာ မရရှိခဲ့ပါဘူး။
အံ့သြဖွယ်ရာ တိရစ္ဆာန်၊ ထိတ်လန့်စရာ သဘာဝလို့ ခေါင်းစဉ်ပေးထားတဲ့ ဗွီဒီယိုကို ယူကျူပေါ်မှာ တင်ခဲ့ပြီး ၃ သောင်းကျော် ကြည့်ရှုခဲ့ပါတယ်။