ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ အားတွေ့ရစဉ် (ဓာတ်ပုံ-အားကစားဝန်ကြီးဌာန) |
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ အိမ်ရှင် အဖြစ် ဒုတိယ အကြိမ်မြောက် အာရှ ခြင်းလုံးနှင့် ပိုက်ကျော်ခြင်း ချစ်ကြည်ရေး ပြိုင်ပွဲ 2nd Asian Chinlone Championship & Sepaktakraw Friendly Match အား ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၉ ရက် အထိ မန္တလေးတိုင်း ၊ အမရပူရမြို့၏ ဝေရောစန ကျောက်စိမ်း စေတီတော်မြတ်၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။
ထို့ ပြင် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ အပါအဝင် ကိုရီးယား ၊ လာအို ၊ ကမ္ဘောဒီးယား ၊ မလေးရှား စုစုပေါင်း ၅ နိုင်ငံ ပါဝင်ပြီး ၃ ယောက်တွဲ Regu အမျိုးအစားကို ချစ်ကြည်ရေး ပြိုင်ပွဲအဖြစ် ၀င်ရောက် ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)