Pages

Saturday, February 27, 2016

ဂီယာနီ အင်ဖန်တီနိုကို ဖီဖာဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသစ်အဖြစ် ဂီယာနီ အင်ဖန်တီနိုကို ဖီဖာညီလာခံကနေ ရွေးချယ်လိုက်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုဆိုရင်င် ဖီဖာ ညီလာခံကနေ အတည်ပြုပေးလိုက်တဲ့ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို လက်တွေ့ ဖြစ်လာအောင် အကောင်အထည်ဖော်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။
အသက် ၄၅ နှစ်အရွယ် အင်ဖန်တီနိုဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီးအက်အေ) ရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ၇ နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
အာရှ၊ တရုတ်၊ အိန္ဒိယတို့မှာ ဘောလုံးဖွံ့ဖြိုး တိုးတက်လာတာကို မြင်ချင်တယ်လို့ ဖီဖာ ဥက္ကဋ္ဌသစ်က ပြောပါတယ်။
DVB