Pages

Friday, February 5, 2016

ဥပဒေမပြင်ဘဲ စနစ်ပြောင်းရန် မဖြစ်နိုင်ကြောင်း ဥပဒေရေးရာ လေ့လာဆန်းစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းပြော



ယခင် လွှတ်တော် နာယကဟောင်း သူရဦးရွှေမန်းအနေဖြင့် ဥပဒေဆိုင်ရာ လေ့လာဆန်းစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ပြီး ပထမဆုံးအကြိမ် အစည်းအဝေးကို နေပြည်တော် လွှတ်တော်ဝန်း အတွင်းရှိ ရေးရာကော်မတီ ဆောင် I-1 တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေး အပြီးတွင် သူရဦးရွှေမန်းက “ ဥပဒေမပြင်ဘဲ စနစ်ပြောင်းဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အတွက် ဥပဒေပြင်ရေးကိစ္စကို ဦးစားပေး ဆောင်ရွက်သွားမယ်” ဟု ပြောသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြည်ထောင်စု လွှတ်တော် နာယက တာဝန် ထမ်းဆောင်ခဲ့သော သူရဦးရွှေမန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဖြူးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနှိမ့်ခဲ့သည်။

ဒုတိယအကြိမ် လွှတ်တော်တွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခံရပြီး လစဉ်ချီးမြှင့်ငွေ ခြောက်သိန်းကျပ် ခံစားခွင့်ရရှိမည် ဖြစ်သည်။

သတင်း - ကိုပေါက်
The Ladies News
The Ladies News Journal