Pages

Monday, February 22, 2016

မျှော်တုန်းမျှော်ဆဲ သူလည်းပေါက်လာ( မိုးရွာဖို့ရှိနေပါတယ်)

မျှော်တုန်းမျှော်ဆဲ သူလည်းပေါက်လာ
မိုးရွာဖို့ရှိနေပါတယ်။
၂၂-၂-၂၀၁၆ - ညနေ(၄း၅၇)နာရီ

အယ်လ်နီညှိုကြောင့် ရေပြတ်လတ်နိုင်မယ့်ဒေသဟာ ၂၀၁၆ ခုနှစ်မှာ၂၀၁၅ ခုနှစ်ထက် သုံးဆကျော်ပိုများနိုင်ပြီး၊ မြို့နယ်ပေါင်း(၁၇၃)မြို့နယ်၊ေ ကျးရွာပေါင်း(၁၇၅၈)ရွာ ရေပြတ်လပ်မှုအန္တရာယ် ကြုံတွေ့နိုင်ပါတယ်vလို့ ကျေးလက်ဦးစီးဌာနမှထုတ်ပြန်ထားပါတယ်။
ရေပြတ်လပ်မှုကို ဖြေရှင်းတဲ့နည်းလမ်းများထဲမျာ ရေကိုရနိုင်သမျှ စုဆောင်းရရှိဖို့နဲ့ ရေကို အလဟသ မဖြုန်းတီးဖို့ပဲဖြစ်ပါတယ်။ စုဆောင်းတဲ့အထိမှာ မိုးရွာတုန်းရေခံ တာဟာ ကောင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင် ကာလီဖိုးနီးယားပြည်နယ် မိုးခေါင်နေတဲ့အတွက် အုပ်ချုပ်သူများက ဒေသခံများကို တစ်အိမ်ထောင်လျင်
 ရေတိုင်ကီ(အကြီးစား ကြီးတွေ)နှစ်လုံးကျစီ ပေးဝေထားပါတယ်။. မိုးရွာရင်ရေခံစုဆောင်းနိုင်ဖို့ပါ။
အခုလာမယ့်တစ်ပတ်အတွင်း မိုးရွာဖို့ရှိနေပါတယ်။ တွက်ချက်ရသမျှကိုလည်းဖေါ်ပြပေးထားပါတယ်။
ရွာပါစေလို့လည်း ဆုတောင်းပါတယ်။
ရေရှားတဲ့ဒေသတွေ ကံကောင်းကြပါစေဗျာ။
(၂၂-၂၄)ရက်နေ့အတွင်း
မိုးအသင့်အတင့်
ကချင်ပြည်နယ်
အနည်းငယ်
စစ်ကိုင်းတိုင်းအထက်ပိုင်း
(၂၄-၂၆)ရက်အတွင်း
မိုးအသင့်အတင့်
ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်
အနည်းငယ်
ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ၊ ပဲခူးတိုင်း နဲ့ တနင်္သာရီတိုင်း
(၂၆-၂၈)ရက်အတွင်း
အသင့်အတင့်
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊
အနည်းငယ်
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်

ဒေါက်တာထွန်းလွင် Facebook