Pages

Thursday, February 4, 2016

အင်အား ၂၀၀ လူထု မူးယစ် တိုက်ဖျက်ရေးအဖွဲ့ ကန်ပိုင်တီ ဒေသတွင် ခုခံ ၀ိုင်းပိတ်ခြင်း ခံနေရ



ကချင်ပြည်နယ် အစိုးရ၏ခွင့်ပြုမှုဖြင့် ကန်ပိုင်တီ ဒေသသို့ ဘိန်းခင်းဖျက်ဆီးရန် ရောက်ရှိနေသော အင်အား ၂၀၀ ခန့် လူထုဘိန်းခင်းဖျက်ဆီးရေးအဖွဲ့သည် ရာဂဏန်းရှိသော ဘိန်းခြံပိုင်ရှင်များ၏ ခုခံ ၀ိုင်းပိတ်ခြင်း ခံနေရပါသည်။

ဘိန်းခင်း အထူထပ်ဆုံး နေရာတခု ဖြစ်သော မော်စီတုန်းနယ်သို့ ကချင် လူထုဘိန်းခင်းဖျက်ဆီးရေးအဖွဲ့က ယမန်နေ့ ၀င်ရောက်လာသည်။ ယနေ့ နံနက်ပိုင်းမှစပြီး ၎င်းတို့သည် ဓားများ ကိုင်ဆောင်ထားသော အင်အား ၄၀၀ ကျော်ရှိ ဘိန်းခြံပိုင်ရှင်များ၏ ၀ိုင်းထားခြင်းခံနေရသည်ဟု မြစ်ကြီးနားမြို့နယ် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် ဆရာတန်ဂွန်း ပြောသည်။

ဝိုင်းမော်မြို့နယ်မှ ကန်ပိုင်တီ ဒေသ ကို ယခင် ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K)၊ ယခု အစိုးရ နယ်ခြားစောင့်တပ်မှ ထိန်းချုပ်ထားပါသည်။

ယခု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့တွင် အစိုးရဘက်မှ လုံခြုံရေးယူပေးသော ရဲသား ၂၀ ခန့်နှင့် စစ်သားများ လိုက်ပါနေသော်လည်း အ၀ိုင်းခံနေရသူများ၏လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ဆရာတန်ဂွန်း ကချင်သတင်းဌာန KNG ကို ပြောသည်။

Kachin News Group
http://burmese.kachinnews.com