Pages

Tuesday, March 22, 2016

မင်္ဂလာဈေးမီးလောင်မှု နောက်ဆုံးရအခြေအနေ


မန္တလေး မတ် ၂၂

မန္တလေးမြို့ မင်္ဂလာဈေး မီးလောင်ကျွမ်းမှုအား ည ၈ နာရီ ၅၀ မိနစ်တွင် အားလုံးနီးပါး ထိန်းသိမ်းနိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များမှ မီးကြွင်းမီးကျန်များကို ဆက်လက်ငြိမ်းသတ်လျှက်ရှိကြောင်း၊ မီးလောင်ကျွမ်းမှုသည် ပထမထပ် အနောက်ပိုင်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကနီဦး စုံစမ်း စစ်ဆေးမှုများအရ သိရပြီး၊ လောင်ကျွမ်းမှုနေရာ အတိအကျနှင့် လောင်ကျွမ်းမှုဖြစ်စဉ်များ၊ ဆုံးရှုံးမှု တန်ဖိုးများကို မီးသတ်တပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း လုံခြုံရေးအရ တာဝန်ရှိသူများက မီးငြိမ်းသတ်သူများမှအပ မင်္ဂလာဈေး ၀င်ရောက်ခွင့်ကို ခွင့်မပြုကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး (ပြန်/ဆက်)
MOI Webportal Myanmar