Pages
▼
Saturday, March 5, 2016
ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသမီးတဦး သတ်ဖြတ် မီးရှို့ ခံရ
Breaking 4 March 2016 07:31
မတ်လ ၃ရက်နေ့ ၂၀၁၆ ရက်နေ့ က ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်၊ ပန်ဖလီ နယ်မြေ၊ ဝတ်စီဝါရီနွဲ့လမ်း ၊ နိရန်ဝီ ရပ်ကွက် ၁၂ နှစ်မှာ နေထိုင်နေသည့် မြန်မာ အမျိုးသမီးတဦး သတ်ဖြတ်ခံရကာ အလောင်းကို မီးရို့ ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွား ခဲ့ကြောင်း ထိုင်းရပ် အွန်လိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။
မီးရှို့ခံရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီး ဟာ မအေးသန်း အသက် (၄၀) ဖြစ်ပါတယ်။ အလောင်းကို မီးလောင်ကျွမ်းလို့ အရိုးမျှသာ ကျန်ပါတော့တယ်။
ထိုင်း ရဲတပ်ဖွဲ့က မြန်မာရွှေ့ပြောင်း အလုပ်သမား တွေကို ခေါ်ယူ စစ်ဆေးမေးမြန်းရာမှ မသင်္ကာ ရသူ အား ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။
မင်းချစ်ဦး အသက် (၃၀)နှစ် ရဲ့  ဘောင်ဘီအိပ်အတွင်း သေဆုံးသူရဲ့  တကျပ်သားရွှေဆွဲ ကြိုးကို ရှာဖွေတွေ့ သွားခဲ့ ပြီး တရားခံက အမျိုးသမီးကို သတ်ခဲ့ကြောင်း ဝန်ခံပါတယ်။
အခင်ဖြစ်တဲ့နေ့ က သေဆုံးသူ နဲ့  စကားများရာက အမျိုးသမီးရဲ့ ဦးခေါင်းကို ထုရိုက်ပြီး သေဆုံးသွားတဲ့နောက် အမှုဖုံးကွယ်ရန် အလောင်းကိုမီးရှို့ ခဲ့ကြောင်း ဝန်ခံပါတယ်။
Thairath
Social Action for Women - SAW