Pages

Saturday, March 5, 2016

ထားဝယ်မြို့တွင်း လမ်းမကြီးများကို ဖုန်စုပ်ကားဖြင့် နေ့စဉ်သန့်ရှင်းရေးလုပ်မည်


ထားဝယ်မြို့တွင်းတစ်နေရာတွင် တွေ့ရသည့် ဖုန်စုပ်ကား-ဓာတ်ပုံ - ကိုဇော်/ Dawei Watch


 ထားဝယ်၊ မတ် ၎

ထားဝယ်မြို့အတွင်းရှိ လမ်းမကြီးများကို ဖုန်စုပ်ကားဖြင့် မတ်လ ၂ရက်နေ့မှ စ၍ နေ့စဉ်နီးပါး သန့်ရှင်းရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ယင်းဖုန်စုပ်ကားမှာ ရေမှုန်ရေမွှားများဖျန်းကာ ဖုန်စုပ် သန့်ရှင်းသည့်စနစ်ပါဝင်သည်ဟု ထားဝယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။
“လမ်းမကြီးတွေပေါ်မှာ ဖုန်တက်ရင် သန့်ရှင်းရေးလုပ်သွားမယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ယင်းဖုန်စုပ်သည့်ကားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးအပါအ၀င် အလှူရှင်များက လှူဒါန်းထားခြင်းဖြစ်ပြီး ငွေကျပ်သိန်း ၆၈၀ တန်ဖိုးရှိကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
Dawei Watch ၊