Pages

Wednesday, March 23, 2016

ပုဂ္ဂလိကပိုင် အမေရိကန် ကုန်တင် အာကာသ ယာဉ်သည် အာကာသ စခန်းသို့သွားရောက်စဉ် ပေါက်ကွဲမှု ဖြစ်ပွား

Orbital ATK ကလွှတ်တင်ခဲ့သည့် Cygnus လူမဲ့ အာကာသယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဝါရှင်တန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

    ပုဂ္ဂလိကပိုင် အမေရိကန် ကုန်တင်အာကာသယာဉ်တစ်စီးသည် 3D ပုံနှိပ်စက်တစ်လုံး၊ နာနိုဂြိုလ်တုများနှင့် အာကာသ ၌ မီးအကြောင်း လေ့လာရန် စမ်းသပ်ချက် တစ်ခု တို့ကို သယ်ဆောင်လာပြီး နိုင်ငံတကာ အာကာသ စခန်း (ISS) သို့ နာဆာ (NASA) အတွက် ဂြိုလ်ပတ်လမ်း သယ်ဆောင်ရေး မစ်ရှင် တစ်ခု ဆောင်ရွက်ရန် ပျံသန်းလာစဉ် မတ်လ ၂၂ ရက် ညက ပေါက်ကွဲခဲ့ကြောင်း သိရသည်။

Cygnus လူမဲ့ အာကာသယာဉ် အား NASA၏ စီးပွားဖြစ်ထောက်ပံ့သူ Orbital ATK က Atlas V ဒုံးပျံဖြင့် မတ်လ ၂၃ ရက် ဂရင်းနစ်စံတော်ချိန် 0305 ၌ အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ် ရှိ Cape Canaveral လေတပ်စခန်းမှ လွှတ်တင်ခဲ့ကြောင်း သိရသည်။

ယခုလွှတ်တင်မှု သည် Orbital ATK၏ စီးပွားဖြစ် ထောက်ပံ့ရေး ဝန်ဆောင်မှုများ စာချုပ်အရ NASA အတွက် ISS သို့ တရားဝင် ငါးကြိမ်မြောက် လွှတ်တင်သည့် မစ်ရှင်တစ်ခု ဖြစ်ကြောင်း သိရသည်။

(Xinhua)