Pages

Wednesday, March 30, 2016

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ကြေညာချက်အမှတ်၊ ၂/ ၂၀၁၆
၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက်
(၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်)
■ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း ■

သမ္မတသစ်  ဦးထင်ကျော် ခေါင်းဆောင်တဲ့  အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို  ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက ကြေညာပါတယ်။
အဖွဲ့ဝင် ၁၁ ဦးပါ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအဖွဲ့မှာ သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး  ဒုဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ပါတယ်။
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၀၁ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်တွေအရ ခုလို ဖွဲ့စည်းလိုက်တာလို့ မတ်လ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။