Pages

Tuesday, March 29, 2016

ရခိုင်ပြည်နယ်အရေးပေါ်အခြေအနေကြေညာချက် ရုပ်သိမ်း


ရခိုင်ပြည်နယ်အတွင်းအရေးပေါ် အခြေအနေကြေညာထားထားတာကို သမ္မတ ဦးသိန်းစိန်က အစိုးရသက်တမ်း ကုန်ခါနီးရက်ပိုင်းအလိုမှာ ပြန်လည်ရုပ်သိမ်းကြောင်း မတ်လ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမယ့် အခြေအနေမရှိတော့ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့ရဲ့ တင်ပြချက်အရ ရခိုင်ပြည်နယ်အတွင်း အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်အမှတ်၊ ၁/၂ဝ၁၂ ကို ရုပ်သိမ်းလိုက်တာလို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ လူအုပ်စု နှစ်ခုအကြား ပဋိပက္ခအကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့တဲ့အတွက် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါး အန္တရာယ်ပြုမယ့် အခြေအနေပေါ်ပေါက်ခဲ့တဲ့အတွက် အရေးပေါ်အခြေအနေကြေညာထားခဲ့တာဖြစ်ပါတယ်။
DVB