Pages

Saturday, March 19, 2016

စည်းကမ်းပျက်ယာဉ်များကို သင်္ကြန်မတိုင်ခင် ဆယ်ရက်ကြို သတိပေး အရေးယူမည်


|Dawei Watch| ထားဝယ်၊ မတ် ၁၈
ထားဝယ်မြို့တွင် သင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် စည်းကမ်းပျက်ယာဉ်များကို သင်္ကြန်မတိုင်မီ ၁၀ ရက်ကြိုတင်၍ သတိပေးအရေးယူသွားမည်ဖြစ်ကြောင်း အမှတ် (၁၁) ယာဉ်ထိန်းရဲ၊ ဒုတိယတပ်ဖွဲ့ခွဲ (တနသာင်္ရီ) မှ ထံမှ သိရသည်။
မူးယစ်သောက်စား ယာဉ်မောင်းနှင်ခြင်း၊ ဆိုင်ကယ်ဦးထုပ်မပါဘဲ စီးနင်းခြင်း၊ အိတ်ဇောပိုက် ဖြုတ်မောင်းခြင်း၊ အသံကျယ် လောင်စွာ မောင်းနှင်ခြင်း၊ နှစ်ယောက်ထက် ပိုမောင်းခြင်း၊ စသည့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖြင့် ကိုက်ညီမှု မရှိသည့်   ယာဉ်များကို သတိပေး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထက်ပါယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးစိုးဝင်းက ပြောသည်။
“မတော်တဆ ကျူးလွန်မိတဲ့သူမျိုးဆို သတိပေးမယ်။ တမင်တကာ ကျူးလွန်ရင် အရေးယူမယ်” ဟု ရဲမှူးစိုးဝင်းက ဆိုသည်။
ယာဉ်ထိန်းရဲ မရှိသော မြို့နယ်များ အတွက်  နယ်မြေရဲများဖြင့် ပူးပေါင်းကာ   နယ်မြေလုံခြုံရေး နှင့် မှုခင်း ကျဆင်းရေးအတွက် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန်အစီအစဉ်ရှိကြောင်း ယင်းယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နှစ်သင်္ကြန် ကာလတွင် တိုင်းအတွင်းယာဉ် တိုက်မှု ၆မှု ဖြစ်ပွားခဲ့ပြီး ၄ဦးသေဆုံးကာ ၂၄ ဦးခန့် ဒဏ်ရာရရှိခဲ့ ကြောင်း ယင်းရုံးထံမှသိရသည်။

Dawei Watch