Pages

Thursday, March 31, 2016

ဖလော်ရီဒါတွင် ကြီးမားသည့် တွင်းကြီးတခုဖြစ်ပေါ်၊ ဒေသခံများ ထွက်ပြေး (ရုပ်သံ)




အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တာပွန်စပရင်းစ်မြို့က ရွေ့လျားအိမ်တွေရှိတဲ့ ရပ်ကွက်နားမှာ မြေကျွံဝင်အပြီး ကြီးမားတဲ့တွင်းတခု မတ်လ ၃၀ ရက်နေ့က ပေါ်လာခဲ့ပါတယ်။
ဒါကြောင့် ဒေသခံ တဒါဇင်ကျော် သူတို့အိမ်တွေကနေ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
ပေ ၆၀ လောက်ကျယ်တဲ့ တွင်းကြီးဟာ ရွေ့လျားအိမ်တချို့နဲ့ ပေနည်းနည်းအကွာမှာ ပေါ်လာခဲ့တာလို့ အန်ဘီစီ သတင်းဌာနက အစီရင်ခံပါတယ်။
လမ်းနားမှာ အလုပ်လုပ်နေတုန်း ကျန်ခဲ့တဲ့ သီတင်းပတ်တွေက တွင်းက ကြီးလာတာကို သတိထားမိတယ်လို့ အရာရှိတွေက ပြောပါတယ်။
ဒီတွင်းကြောင့် မိလ္လာနဲ့ ရေပိုက်လိုင်းတချို့ ပျက်စီးခဲ့ပြီး တခြား အပျက်အစီး ဒဏ်ရာရမှုတော့ အစီရင်ခံတာ မရှိပါသေးပါဘူး။
DVB