Pages

Wednesday, March 23, 2016

ထားဝယ်တွင် ဘုရားဖူးယာဉ်တိမ်းမှောက် ၁၃ ဦးသေဆုံး

ယာဉ်တိမ်းမှောက်သည့် နေရာ-ဓာတ်ပုံ - ရဲထွဋ် / Dawei Watch

ယာဉ်တိမ်းမှောက်သည့် နေရာ-ဓာတ်ပုံ - ရဲထွဋ် / Dawei Watch

လူနာများကို ဆေးရုံသို့ တင်ပို့လာစဉ် ဓာတ်ပုံ - ရဲထွဋ် / Dawei Watch
ထားဝယ်၊ မတ် ၂၃
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ လက်ခတ်တောင်သို့ ဘုရားဖူးသွားသည့် ယာဉ်တိမ်းမှောက်သဖြင့် ၁၃ ဦး သေဆုံးခဲ့ကြောင်း အခင်းဖြစ်သည့် နေရာသို့ ရောက်နေသည့် Dawei Watch သတင်းထောက်မှ ကနဦး သတင်းပေးပို့သည်။
တိမ်းမှောက်ရာတွင် ပါဝင်သည့် ခရီးသည် ၆၀ ဦးအနက် ၁၃ ဦးသေဆုံးခဲ့ပြီး ၄၇ဦး ဒဏ်ရာရရှိခဲ့သည်။
လတ်ခတ်တောင် ဘုရားဖူးရာမှ အပြန် နံနက် ၁၀ နာရီဝန်းကျင်တွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ကားမှောက်သည့် နေရာအနီးတွင် နေထိုင်သည့် ကျောက်ခွဲ အလုပ်သမားတစ်ဦးက ပြောသည်။
ပီပါပုံး ​တောင်​​ပေါ်က လှိမ့်​ချသလိုမျိုး အသံ သုံးချက်​ကြားလိုက်​ရတယ်​ ဖြစ်​ဖြစ်​ချင်းမှာကို ၉ ​ယောက်​​လောက်​​သေ​နေပြီး”ဟု  အထက်ပါ ကျောက်ခွဲသမားက ပြောသည်။
ခရီးသည်များသည် သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာနှင့် ဆေးဖြန့်ကုန်း ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ဖြစ်ချင်း လောင်းလုံးဆေးရုံသို့ တင်ပို့ခဲ့ပြီးနောက် ထားဝယ်ဆေးရုံသို့ ထပ်မံလွှဲပြောင်းခဲ့သည်။

Dawei Watch