ယနေ့ (မတ်လ ၂၁ ရက်) တွင် ရွှေပြည်သာမြို့နယ် တရားရုံး၌ ပုဒ်မ ၅၀၅(ခ)၊ ၆၆(ဃ) တို့ဖြင့် တရားဆွဲဆိုခံထားရသည့် ကဗျာဆရာ မောင်ဆောင်းခအား ရုံးထုတ်လာစဉ် အချုပ်သားတစ်ဦးက လက်၌ချည်ထားသော သံကြိုးဖြင့် ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ရိုက်နှက်ခံရမှုကြောင့် ကဗျာဆရာ မောင်ဆောင်းခ၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး အင်းစိန်ဆေးရုံကြီး၌ ဓာတ်မှန်ရိုက်ရန် စောင့်ဆိုင်းနေကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ - သက်မင်း