Pages
▼
Saturday, March 26, 2016
ဘဂ္ဂဒက်မြို့တောင်ဘက်တွင်ပြုလုပ်နေသည့် ဒေသဆိုင်ရာ ဘောလုံးပွဲအား ISတို့ ဗုံးခွဲတိုက်ခိုက်သဖြင့် လူ ၃၀ ခန့်သေဆုံး
ပရပ်စ်တီဗီ
ဘဂ္ဂဒက်၊ မတ်-၂၆
အီရတ်မြို့တော် ဘဂဒက်၏ တောင်ဘက်ရှိရွာတစ်ရွာမှ ဒေသတွင်းဘောလုံးပွဲကိုပစ်မှတ်ထားသည့် ဗုံးခွဲတိုက်ခိုက်မှုတစ်ခုတွင် အနည်းဆုံးလူ ၃၀ခန့် သေဆုံးခဲ့သည်။
ရဲတပ်ဖွဲ့နှင့် ဆေးဝန်ထမ်းများ၏ ပြောကြားချက်အရ တိုက်ခိုက်မှုမှာ အယ်လ်အဆရီယာရွာတွင် မတ်၂၅ ရက် နံနက် ၇နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘောလုံးပွဲတွင် အနိုင်ရဗိုလ်စွဲသူများအားဆုဖလားကိုအပ်နှင်းနေစဉ် တိုက်ခိုက်သူက ဗုံးများကိုလူအုပ်ထဲသို့ ပစ်သွင်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၆၅ယောက်ကျော်မှာလည်း ထိခိုက်ဒဏ်ရာများရရှိသွားခဲ့ရာ သေဆုံးသူအရေအတွက်မှာ ထပ်တိုးလာဖွယ်ရာရှိသည်ဟု ဆေးဝန်ထမ်းများက သတိပေးထားသည်။
ဗုံးခွဲမှုမှာ ၄င်းတို့၏လုပ်ရပ်ဖြစ်ကြောင်းအိုင်အက်စ်အကြမ်းဖက်အုပ်စုက ကြေညာထားသည်။
ကုလအီရတ်ကူညီရေးမစ်ရှင်၏ ပြောကြားချက်အရ ဖေဖော်ဝါရီတစ်လတည်းတွင်ပင် အကြမ်းဖက်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် အီရတ်နိုင်ငံသားစုစုပေါင်း ၆၇၀ သေဆုံးခဲ့ရပြီး ၁၂၉၀ ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။
AM
china.com Myanmar