Pages

Sunday, April 17, 2016

နိုင်ငံရေးအကျဉ်းသားများ မြန်မာနှစ်ဆန်းတရက်နေ့ လွတ်မည်


အင်းစိန်အကျဉ်းထောင်မြင်ကွင်း။
နှစ်သစ်ကူးအခါသမယမှာ အမျိုးသားရင်ကြားစေ့ရေးနှင် ပြည်သူလူထု နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေရေးတို့ကို ဦးတည်စေသောအားဖြင့် အကျင်းထောင်အသီးသီးမှာ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသား ၈၃ ဦးကို လွတ်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဧပြီလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တချိန်ထဲမှာပဲ ပခုက္ကူအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ Unity ဂျာနယ်က ကိုလူမော်နိုင်အပါအ၀င် သတင်းသမား ၅ ဦးကို နှစ်ဆန်းတရက်နေ့မှာ လွတ်ပေးမည်ဖြစ်ကြောင်း ပခုက္ကူအကျဉ်းထောင် ဒုတိယထောင်မှူးက အသိပေး အကြောင်းကြားခဲ့တယ်လို့ ကိုလူမော်နိုင်ရဲ့ ဇနီးဖြစ်သူ မလွင်လွင်မြင့်က ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)