Pages

Thursday, April 21, 2016

မြိတ်တွင် စိတ်ကြွဆေးပြား ၅၀၀၀ ကျော် ဖမ်းမိ


|Dawei Watch| မြိတ်၊ ဧပြီ ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ အောက်ရေပုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ဧပြီလ ၂၁ ရက် မွန်းလွဲပိုင်းက စိတ်ကြွဆေးပြား ၅၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့နယ် ရဲစခန်းမှ သိရသည်။
ယင်းရပ်ကွက် နတ်စင်လမ်းတွင် နေထိုင်သူ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသည်ဟု သတင်းရသည့်အတွက် ယင်းသို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း မြို့နယ်ရဲမှူး ဦးသန်းဦးက ပြောသည်။
လက်ရှိတွင် စိတ်ကြွဆေးပြား ၅၄၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသား ၂ ဦးအား အမှုဖွင့် အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်နေကြောင်း ရဲမှူး ဦးသန်းဦးထံမှ သိရသည်။

Dawei Watch