Pages

Friday, April 8, 2016

ဘာသာပေါင်းစုံအဖွဲ့ က နှစ်ဦး နောက် ထပ်ထောင်၂ နှစ်ချခံရ


မပွင့်ဖြူလတ်နဲ့ ကိုဇော်ဇော်လတ် တို့ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာတွေ့ရစဉ်။ Photo: Hset Paing Toe/RFA
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးက ကမ်းလက်များ ဘာသာပေါင်းစုံအဖွဲ့က ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့နှစ်ဦးကို ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်စခန်းကို သွားရောက်ခဲ့လို့ဆိုပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)နဲ့ ဒီကနေ့ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကေအိုင်အေ ထိန်းချုပ်နယ်မြေက စစ်ဘေးဒုက္ခသည်စခန်းမှာ ပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး အဖမ်းခံခဲ့ရပြီး အခုလို အမိန့်ချမှတ်ခံခဲ့ရတာလို့ ကိုဇော်ဇော်လတ်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဧပြီလက ချင်းပြည်နယ် တီးတိန်မြို့ကို ဘာသာပေါင်းစုံချစ်ကြည်ရေး ခရီးစဉ်အနေနဲ့ သွားရောက်ခဲ့စဉ်တုန်းက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဝင်ရောက်ခဲ့တာကို တရား မဝင် နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃(၁)နဲ့ ချမ်းအေးသာစံတရားရုံးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တဲ့အတွက် စုစုပေါင်း ၄နှစ်ကျခံရမှာ ဖြစ်ပါတယ်။

အခုလို ထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် အယူခံမတက်တော့ဘူးလို့ ပြောပါတယ်။

RFA Burmese