စစ်ကိုင်းမြို့ Veneer သစ်စက်ရုံ အလုပ်ရှင်က အလုပ်ရှင် နဲ့
အလုပ်သမားကြား သဘောတူညီချက်ကို ချိုးဖေါက်သလို အလုပ်သမား ၁၂၈ ယောက်ကို
အလုပ်ထုတ်လိုက်တာကြောင့် အစိုးရထံ တောင်းဆိုဖို့ အလုပ်သမားတွေဟာ
နေပြည်တော်ကို ဒီကနေ့စတင် ချီတက်နေကြပါတယ်။
သူတို့ဟာ မန္တလေး နေပြည်တော်လမ်းဟောင်းအတိုင်း ချီတက်ကြမှာဖြစ်ပြီး မကြာသေးခင်က မြစ်ငယ်မြို့ကို ရောက်ရှိပါတယ်။
အလုပ်သမား ၁၂၈ ယောက်ဟာ လွန်ခဲ့တဲ့ ၂လလောက်ကတည်းက အလုပ်ထုတ်ခံရပြီး စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတာ ၂ လကျော်နေပါပြီ။
ဓါတ်ပုံ ဆက်ပိုင်တိုး၊ RFA
RFA Burmese