Pages

Friday, April 1, 2016

တနင်္သာရီလွှတ်တော်ဥက္ကဋ္ဌ၊ ၀န်ကြီးချုပ် နှင့် အဖွဲ့ ဘာသာရေးခေါင်းဆောင်များထံ သွားရောက် ဂါရ၀ပြု

ထားဝယ်မြို့ဇေယျဝတီကျောင်းတိုက်တွင် တွေ့ရစဉ်
ထားဝယ်မြို့ ဃောသိတာရာမပါဠိတက္ကသိုလ်တွင် တွေ့ရစဉ်
 ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်ရှိ ဗလီတွင် တွေ့ရစဉ်
 မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် တွေ့ရစဉ်
ဆရီးမားရီယမ္မား(ခ) မမဘုရားကျောင်းတွင် တွေ့ရစဉ်
ထားဝယ်၊ ဧပြီ ၁


တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် နှင့် အဖွဲ့သည် ထားဝယ်မြို့ရှိ ဘုန်းတော်ကြီးကျာင်းနှစ်ကျောင်းနှင့် အခြားဘာသာရေးကျောင်းထံ မတ်လ ၃၁ ရက်နေ့က သွားရောက်ခဲ့ပြီး ဗုဒဘာသာ သံဃာတော်နှင့် ဘာသာရေး ခေါင်းဆောင်များကို တွေ့ဆုံဂါရ၀ပြုခဲ့ကြသည်။


ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် အတူလွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းသွားရောက်ခဲ့ကြခြင်းဖြစ်ပြီး ဇေယျဝတီကျောင်းတိုက်၊ ဃောသိတာရာမပါဠိတက္ကသိုလ်၊ မြန်မာနှစ်ခြင်း ခရစ်ယာန်အသင်းတော်၊ ပိန္နတောရပ်ကွက်ရှိ အစ္စလာမ်ဗလီနှင့် ဆရီးမားရီယမ္မား(ခ) မမဘုရားကျောင်းတို့ကို သွားရောက်ခဲ့ကြသည်။


အစိုးရအသစ်၏ ပထမဆုံးနေ့တွင် သံဃာတော်များနှင့် ဘာသာရေးခေါင်းဆောင်များကို လိုက်လံ ဂါရ၀ ပြုခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဇေယျဝတီကျောင်းတိုက်တွင် ပြောသည်။


“ဘာသာကြီးလေးခုက ပြည်သူတွေ ချစ်ကြည်စည်းလုံးစေချင်တယ်။ အစိုးရ အသစ်တစ်ရပ် အနေနဲ့ အားလုံးကို တန်းတူညီမျှရှိစေချင်တယ်ဆိုတာ သိစေချင်လို့”ဟု တိုင်းဒေသကြီး ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိုးက ဆိုသည်။


တနင်္သာရီတိုင်းဒေသကြီးတွင် အရွေးကောက်ခံ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၂၁ ဦးရှိပြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစောလုကာ တို့မှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြကာ ကျန်ရှိသော ကိုယ်စားလှယ်အားလုံးမှာ ဗုဒဘာသာဝင်များ ဖြစ်သည်။

Dawei Watch|