Pages

Thursday, April 14, 2016

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေငလျင်လှုပ်ခတ်မှုကြောင့် ဘုရား(၂)ဆူ စိန်ဖူးတော်မြေခ

ယနေ့ ၁၃-၄-၂၀၁၆ ည ၈ နာရီ ၂၀ မိနစ် လှုပ်ခတ်သွားသော ငလျင်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်မြို့နယ်မြရိပ်ရွာ၊ မြရိပ်တောင်ပေါ်ကျောင်းတိုက် တွင် တည်ထားကိုးကွယ်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်ရှိ စေတီ ရှေးဟောင်းကျောက်ထီးတော် မြေခ ခဲ့ရကြောင်း သိရသည်။ ဓါတ်ပုံ - Kyaw Nanda Ko (facebook)

မုံရွာ ဧပြီ ၁၃

ကလေးမြို့၏ အရှေ့ဖက် (၄၂)မိုင်အကွာ မန္တလေးမြို့၏ အနောက်မြောက်ဘက် (၁၁၂)မိုင်ခန့်ကို ဗဟိုပြုပြီး အင်အား ရစ်ချတ် စကေး(၆.၈) အဆင့်ရှိ မြေငလျင် တစ်ခု ဧပြီလ(၁၃)ရက် ည(၈)နာရီ (၂၅)မိနစ်ခန့်က လှုပ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ယင်းမာပင် ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ ၀ါးတန်းကျေးရွာ သတ္တမဗောဓိ ဆုတောင်းပြည့်စေတီတော် စိန်ဖူးတော် မြေခခြင်းဖြစ်ပေါ်ခဲ့ပြီး အလားတူ မုံရွာခရိုင် ချောင်းဦးမြို့နယ် တောကျောင်းကြီးကျေးရွာ ရွှေဂူကြီး ဘုရားဝန်းအတွင်းရှိ အရန်စေတီ(၃)ဆူအနက် ဥာဏ်တော်အမြင့် (၄၂)တောင်ရှိ အရှေ့စေတီ စိန်ဖူးတော် မြေခခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများ ရှိပါက အချိန်နှင့် တစ်ပြေးညီ ဆက်လက် တင်ပြမည်ဖြစ်ကြောင်း ကနဦး သတင်း ရရှိသည်။

(တိုင်းဒေသကြီးပြန်/ဆက်)
MOI Webportal Myanmar