Pages

Saturday, April 23, 2016

တမူးမြို့တွင် မိုးသက်လေပြင်းများ တိုက်ခတ်၍ မိုးသီးများကြွေကျ



တမူး ဧပြီ ၂၃

တမူးခရိုင်၊ တမူးမြို့တွင်၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် နေ့လယ် (၁၂း၂၀)နာရီအချိန်ခန့်က မိနစ်(၂၀) ကြာခန့် မိုးသက်လေပြင်း ကျရောက်ခဲ့ရာ တမူးမြို့၊ ဈေးတန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ သစ်ပင်တစ်ချို့သည် လမ်းမ ပေါ်တွင် ကျိုးပြတ်လဲကျခဲ့သည်။


အဆိုပါလမ်းပိတ်သည့် သစ်ပင်များကို မီးသတ်ဦးစီးဌာန ၀န်ထမ်းများနှင့် ရပ်ကွက်နေ ပြည်သူများက ချက်ချင်း ဖယ်ရှား ရှင်းလင်း သဖြင့် ယာဉ်များပုံမှန်သွားလာလျှက်ရှိပါသည်။

ဆက်လက်၍ မွန်းလွဲ(၁၄း၄၅)နာရီ အချိန်ခန့်တွင် (၁၀)မိနစ်ခန့် မိုးရွာသွန်း၍ မိုးသီးများကြွေကျပြီး တမူးမြို့ပေါ် တွင် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar