Pages

Friday, May 27, 2016

ကျောင်းဖွင့်ချိန်၌ တပ်မတော်မှထိုးစစ်ဆင်မှုများရပ်တန့်သင့်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပြော


ဓါတ်ပုံ- သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟန်နားကျေး ရွာ မောက် လွမ့်ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် ဆိုင်းလိုင်ရွာ စစ်ပြေးဒုက္ခသည် များအား SNLD - TYN နှင့် နမ့်လန် သျှမ်းစာ/ယဉ်က စားနပ် ရိက္ခာသွားရောက်ထောက်ပံ့စဉ် (Photo: Sai Lern)
မေလ ၂၆ ရက် ၂၀၁၆

ယခုအချိန်သည် နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံး၍ စာသင်ကျောင်းပြန် လည်ဖွင့်လှစ်မည့်အချိန်ဖြစ်သဖြင့် အစိုးရစစ်တပ်မှ တိုင်းရင်းသားဒေသ၌ ထိုးစစ်ဆင်မှုများကို ရပ်တန့်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ် စိုင်းဝမ်းလှိုင်းခမ်း က ပြောပါသည်။

“ပြည်တွင်းစစ်ဟာ ကျနော်တို့ရဲ့ အဓိကစိန်ခေါ်မှုပါ။ ပြည်တွင်းစစ်ကြောင့် ကလေးတွေရဲ့ပညာရေး၊ စားနပ် ရိက္ခာလုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်တယ်။ ကျနော်တို့ဒေသမှာ ပညာရေးဟာ နိမ့်ကျနေတယ်။ ဒါ့အပြင် စစ်ဘေးလည်းထပ်ရှောင်နေရတယ်ဆိုတော့ ရေနစ်တဲ့သူကို ၀ါးကူထိုးနေ သလိုဘဲ။ အထူးသဖြင့် အခုလိုစိုက်ပျိုးရာသီ၊ ကလေးကျောင်းတက်မယ့် ကာလမှာ ထိုးစစ် လုံးဝ မလုပ်သင့်ဘူး။ အဓိကတော့ အစိုးရတပ်ပေါ့။ ထိုးစစ်ဆင်မကို ရပ်တန့် စေချင်တယ်”… ဟု စိုင်းဝမ်းလှိုင်းခမ်း က ပြောပါ သည်။

ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားဒေသ၌ ဖွံ့ဖြိုးရေးစီမံကိန်း တခုမှ မပြီးမြောက်နိုင်ကြောင်း၊ ဖွံ့ဖြိုးတိုးတက် သည့်ခေတ်ကာလတွင် အနာဂတ်ေ ခါင်းဆောင်ဖြစ်လာမည့် တိုင်းရင်းသားလူငယ်တော်တော်များ များ နောက်ကျ ကျန်နေမှုသည်လည်း စိန်ခေါ်မှုကြီးတရပ်ဖြစ်ကြောင်း ဆို၏။

မေလ ၂၅ ရက်နေ့၌ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ သျှမ်းလူငယ်ကွန်ယက် TYN နှင့် နမ့်လန်သျှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်း တို့ ပူးပေါင်းပြီး သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟန်နားကျေး ရွာ မောက် လွမ့်ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် ဆိုင်းလိုင်ရွာ စစ်ပြေးဒုက္ခသည် ၁၃၀ ကျော်အား ဆန်၊ အားလူး၊ ကြက်သွန်နီနှင့် ငွေသားနှစ်သိန်းခွဲ သွားရောက်ကူညီခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်ကလည်းဒီလိုဘဲ ပြည်တွင်းစစ်ကြောင့် ပြည် သူတွေ ဒုက္ခရောက်ခဲ့ကြရတယ်။ ရှေ့ဆက်ပြီး ဒီလိုဘဲ ဖြစ်နေဦးမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လမ်းစ မမြင်သေးဘူး။ ငြိမ်းချမ်းရေး ဆွေး နွေးပွဲ ကို မြန်မြန်ပြန်စဖို့ အစိုးရသစ်လည်း လုံးပမ်းနေချိန်မှာ ဒီလိုမဖြစ်သင့်ဘူး။ တပ်မတော်အနေနဲ့ တဖက်မှာ အပစ်ရပ်ပြီး တပြည်လုံးငြိမ်းချမ်းေ ရး ကြေ ညာရင် စစ်ပွဲရပ်နိုင်ပြီလို့ ပြောချင်ပါတယ်”ဟု စိုင်းဝမ်းလှိုင်းခမ်း က ပြောပါသည်။

အစိုးရစစ်တပ်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA တို့ကြား တိုက်ပွဲကြောင့် သီပေါမြို့နယ် နမ့်မကျေးရွာအုပ်စုမှ ရွာသူရွာသား ၁၅၀၀ ခန့် သီပေါမြို့နှင့် လားရှိုးမြို့သို့ စစ်ပြေးရှောင်နေ ကြရ သည်။

သျှမ်းသံတော်ဆင့်/မွေခေါဝ်