ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖျော်ဖြေရေးဆိုင်များ၊ ဘားများ ည ၁၁ နာရီ
ပိတ်ရမည် ဟု အမိန့်ထုတ်ထားကြောင်း သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍
တစ်စုံတစ်ရာ အမိန့်/ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း၊
ဌာနဆိုင်ရာ တာဝန်ရှိသူများအနေနဲ့လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကို
ကျော်လွန် ဆောင်ရွက်ခြင်း မပြုကြရန် ညွှန်ကြားခဲ့ကြောင်း တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် နယ်လုံ ဝန်ကြီး
ဗိုလ်မှုးကြီးတင်အောင်ထွန်းတို့က ယနေ့ ရှင်းလင်း ပြောကြားခဲ့ကြောင်း
သိရှိရပါတယ်။
[Source- ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ]