ယနေ့ ဇူလိုင်လ ၆ ရက် နံနက်ပိုင်းက မုဒုံမြို့ရှိ သစ်စက်တစ်ခုတွင် တရားမဝင်
ကျွန်းသစ်လုံး ၁၂၇ လုံးအား တပ်မတော်မှ ဖမ်းဆီးရရမိခဲ့ကြောင်း သိရသည်။
အဆိုပါကျွန်းသစ်များမှာ တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်ဒေသမှ ၁၀
ဘီးကားတစ်စင်းဖြင့် သယ်ဆောင်လာကြောင်း သိရပြီး မုဒုံမြို့အနီးရှိ
သစ်စက်တွင် ချနေစဉ် ရေးတပ်နယ်မှ ဆက်စပ် သတင်းပေး ညွှန်ကြားမှုအရ
မုဒုံသစ်စက်သို့ သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။
ဖြစ်စဉ်တွင် ကျွန်းသစ်လုံး ၁၂၇ လုံးနှင့်အတူ ၁၀ ဘီး ကားတစ်စီးတို့အား
သစ်ပိုင်ရှင် ဦးအောင်စိန်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး
မုဒုံမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး
အပ်နှံခဲ့ကြောင်း သိရပါသည်။
သတင်း - အောင်နိုင်ဝင်း