Pages
▼
Friday, July 8, 2016
ဘောလုံးကစားရာမှ လူသတ်မှုဖြစ်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အုတ်တွင်းမြို့ ပဲခူးလမ်းရပ်ကွက်ရှိ မြို့နယ် အားကစားကွင်းမှာ ခရိုင် အား/ကာဦးစီးဌာန နဲ့ ပူးပေါင်းပြီး အသက်(၂၀)နှစ်အောက် အားကစားဖွံ့ဖြိုးတိုးတက်မှူ အစီအစဉ်အရ အခုလ (၅)ရက်နေ့ ညနေက ပြုလုပ်ကျင်းပခဲ့ရာ ဘောလုံးပြိုင်ပွဲမှာ မဲကုန်းကျေးရွာအသင်းနဲ့ ဝဲဒေါင့်ကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားစဉ် ခိုက်ရန်ဖြစ်ပွားခဲ့ရာကနေ လူသေမှူဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
ဖြစ်စဉ်မှာ မဲကုန်းကျေးရွာအသင်း နဲ့ ဝဲဒေါင့်ကျေးရွာအသင်းတို့ ဘောလုံးယှဉ်ပြိုင်ကစားကြစဉ် ပထမပိုင်းမိနစ် (၃၀) ခန့်မှာ ယှဉ်ပြိုင်ကစားနေစဉ် ဝဲဒေါင်အသင်းမှ ကျောနံပါတ်(၁၂) ဇင်မင်းကို က ကစားပုံ ကြမ်းတမ်းတဲ့အတွက် မဲကုန်းအသင်းမှ ကျောနံပါတ် (၁၀) ထက်မြက်အောင် (၁၉)နှစ်မှ ကျောနံပါတ်(၂)ဇင်မင်းသူ(၁၉)နှစ်က လက်သီးနဲ့ ထိုးပြီး မဲကုန်းအသင်းအုပ်ချုပ်သူ နဲ့ ကွင်းအနီး မြက်ဖြတ်နေသူ အမျိုးသား(စုံစမ်းဆဲ)တို့မှ ကွင်းအတွင်းဝင်ရောက် ထိုးကြိတ်ခဲ့တဲ့အတွက် ခရိုင် အား/ကာဦးစီးမှူး ဦးသူရိန်ထွန်းနဲ့ တာဝန်ရှိသူတွေက ညှိုနှိုင်းဖြေရှင်းပေးခဲ့ပြီး ဆက်လက် ယှဉ်ပြိုင်ကစားစေခဲ့ရာ ဒုတိယပိုင်းပွဲစပြီး(၁၅)မိနစ်ခန့်အကြာ မှာ ဝဲဒေါင့်အသင်းမှ ကျောနံပါတ်(၃)နိုင်နိုင်ဦး ကျောနံပါတ်(၁၀)ထက်မြက်အောင် ကျောနံပါတ်(၂)ဇင်မင်းသူ ကျောနံပါတ်(၅)အောင်မျိုးဦး ကျောနံပါတ်(၉)နိုင်နိုင် ကျောနံပါတ်(၁)ကာကာ တို့က လက်သီးနဲ့ ထိုးခြေထောက် တွေနဲ့ ကန်ခဲ့လို့ ညီညီလင်းအောင်မှာ လဲကျခဲ့ပြီး ညီညီအောင်မှာ ဦးခေါင်းဖူးယောင် ဝမ်းဗိုက်နာကျင် ဒဏ်ရာတွေ ရရှိခဲ့ပြီး အုတ်တွင်းဆေးရုံ ကို တင်ပိုကုသခဲ့ရာ မသက်သာတဲ့အတွက် တောင်ငူပြည်သူ့ဆေးရုံမှ တဆင့် နေပြည်တော်ကုတင်၁၀၀၀ ဆေးရုံသို့ တင်ပို့ကုစခဲ့ရာမှ ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တဲ့အတွက် နယ်မြေရဲစခန်းမှ (ပ)၁၃၅/၂၀၁၆ နဲ့ ပြစ်မှူဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၄၄နဲ့ ထက်မြက်အောင် ၊ နိုင်နိုင်ဦး ၊ ဇင်မင်းသူ ၊ အောင်မျိုးဦး ၊ နိုင်နိုင်၊ ကာကာ ၊ မဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့ အသင်းအုပ်ချုပ်သူ ဘောလုံးကစားသမား (၅)ဦးတို့ ကို နယ်မြေရဲစခန်းက အမှူဖွင့်လှစ် အရေးယူဆောင်ရွက် နေတယ်လို့ သိရပါတယ် ။
သတင်းထောက် .............. ဖြိုးကိုလင်း(ညောင်ဝိုင်း)
ဓါတ်ပုံ - Hantharwady United Football Club