Pages

Wednesday, July 27, 2016

မောင်တောနယ်ခြားစောင့် ရဲကင်းစခန်းတွင် WYမူးယစ်ဆေးပြား ၃သိန်းခန့် ဖမ်းဆီးရမိပြီး ရဲ ၇ဦးကို ဖမ်းဆီးထား


ဇူလှိုင် ၂၇၊မောင်တော။

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အမှတ် (၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ လက်အောက်တွင်ရှိသော ကျောက်ပန္တု(နတလ)ကင်းစခန်းအတွင်းတွင် WYမူးယစ်ဆေးပြား ၃သိန်းခန့်ကို ဇူလှိုင်လ ၂၆ရက် နေ့လည်ပိုင်းက ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်းကို အမှတ် (၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ အလယ်သံကျော်စခန်းမှ သိရသည်။

"ဒေသခံတစ်ဦးက သတင်းပေးလို့ ဝင်ရောက်ရှာဖွေဖမ်းဆီးတာမှာ ကင်းစခန်းမီးဖိုခန်းက
 မြေအောက်ထဲမှာ ဖွက်ထားတာ။ အခုလောလောဆယ်တော့ တပ်ဖွဲ့ဝင် ၇ဦးကို စစ်ဆေးနေပြီးတော့ ရဲလုပ်ငန်းဥပဒေတွေအရ အမှုဖွင့်အရေးယူသွားဖို့ ဆောင်ရွက်နေပါတယ်" ဟု အလယ်သံကျော်စခန်းမှ တာဝန်ကျ ရဲအရာရှိတဦးမှ ပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် (၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ လက်အောက်ရှိ ကျောက်ပန္တု (နတလ)ကင်းစခန်းအတွင်း WYမူးယစ်ဆေးပြား၆သိန်း သိုလှောင်ထားကြောင်းကို သတင်းရရှိသဖြင့် အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီးတင့်ဇော်ဦးနှင့်အဖွဲ့မှ သွားရောက်ရှာဖွေရာ ကင်းစခန်းမီးဖိုခန်းတွင် မြေတူးကာ ဖွက်ထားသော WYမူးယစ်ဆေး ၃သိန်းခန့် (၂၉၂၅၀၀)ကို ရှာဖွေဖမ်းဆီးနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၇ဦးကို ဖမ်းဆီးထိမ်းသိမ်းကာ တရားဥပဒေအရ အရေးယူသွားရန် စီစဉ်နေကြောင်း သိရသည်။

မြင့်မြတ်ဖြူ
Central News Myanmar