Pages

Friday, May 27, 2016

အစိုးရ ပြည်သူ့စစ်မှ တာလောကြီး တွင် လယ်ယာမြေ သိမ်းပိုက်နေ


photo - Myanmar Times
ကချင်ဒေသ တိုက်ပွဲများကြောင့် နေရပ်ခေတ္တ စွန့်ခွာသွားသည့် တာလောကြီး ပြည်သူများ၏ လယ်ယာမြေများကို ယင်းဒေသ အစိုးရ ပြည်သူ့စစ်အဖွဲ့မှ ခွဲဝေ သိမ်းပိုက်ယူမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ် တာလောကြီး (Da Law) နှင့် ဂရော့ ဂရာ ပါ (Graw Gra Pa) ရွာ အကြားရှိ မိသားစု (၁၅) စု၏ ပိုင်နက် လယ်ယာမြေကို ပြည်သူ့စစ် ခေါင်းဆောင် ဦး သန်းအောင်ဆွေ ဦးဆောင်ပြီး တရုတ် လုပ်ငန်းရှင်များ ကို မေလ ၂၃ ရက်နေ့မှ စပြီး ခွဲဝေပေးနေကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO သတင်းဌာန က ပြောပြထားသည်။

ထို့အပြင် တာလောကြီး အနီး ရွာသားများ ကလည်း ပြည်သူ့စစ်အဖွဲ့မှ တာလောကြီးဘက်တွင် လယ်ယာမြေ သိမ်းပိုက်မှုများ ပြုလုပ်နေကြောင်း ပြောပါသည်။

သိမ်းပိုက်ထားသော လယ်မြေများတွင် အထူးသဖြင့် ငှက်ပျော်ခြံ နှင့် စပါးစိုက်ရန်ဖြစ်ပြီး ယခုချိန် ထွန်စက် များဖြင့် လုပ်ငန်း စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

တာလောကြီးသည် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ အနောက်ဘက်နှင့် ဧရာဝတီ မြစ်ကြားတွင် တည်ရှိပြီး ရှမ်းနီလူမျိုး အများဆုံးနေထိုင်သော နေရာ ဖြစ်သည်။

သို့သော်လည်း ၂၀၁၁ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တိုက်ပွဲကြောင့် ဒေသခံ ပြည်သူများမှာ စစ်ပြေးဒုက္ခသည်များ အဖြစ် ထွက်ပြေး တိမ်းရှောင် နေရဆဲဖြစ်ပါသည်။

Kachin News Group - Burmese

ကျောင်းဖွင့်ချိန်၌ တပ်မတော်မှထိုးစစ်ဆင်မှုများရပ်တန့်သင့်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပြော


ဓါတ်ပုံ- သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟန်နားကျေး ရွာ မောက် လွမ့်ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် ဆိုင်းလိုင်ရွာ စစ်ပြေးဒုက္ခသည် များအား SNLD - TYN နှင့် နမ့်လန် သျှမ်းစာ/ယဉ်က စားနပ် ရိက္ခာသွားရောက်ထောက်ပံ့စဉ် (Photo: Sai Lern)
မေလ ၂၆ ရက် ၂၀၁၆

ယခုအချိန်သည် နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံး၍ စာသင်ကျောင်းပြန် လည်ဖွင့်လှစ်မည့်အချိန်ဖြစ်သဖြင့် အစိုးရစစ်တပ်မှ တိုင်းရင်းသားဒေသ၌ ထိုးစစ်ဆင်မှုများကို ရပ်တန့်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ် စိုင်းဝမ်းလှိုင်းခမ်း က ပြောပါသည်။

“ပြည်တွင်းစစ်ဟာ ကျနော်တို့ရဲ့ အဓိကစိန်ခေါ်မှုပါ။ ပြည်တွင်းစစ်ကြောင့် ကလေးတွေရဲ့ပညာရေး၊ စားနပ် ရိက္ခာလုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်တယ်။ ကျနော်တို့ဒေသမှာ ပညာရေးဟာ နိမ့်ကျနေတယ်။ ဒါ့အပြင် စစ်ဘေးလည်းထပ်ရှောင်နေရတယ်ဆိုတော့ ရေနစ်တဲ့သူကို ၀ါးကူထိုးနေ သလိုဘဲ။ အထူးသဖြင့် အခုလိုစိုက်ပျိုးရာသီ၊ ကလေးကျောင်းတက်မယ့် ကာလမှာ ထိုးစစ် လုံးဝ မလုပ်သင့်ဘူး။ အဓိကတော့ အစိုးရတပ်ပေါ့။ ထိုးစစ်ဆင်မကို ရပ်တန့် စေချင်တယ်”… ဟု စိုင်းဝမ်းလှိုင်းခမ်း က ပြောပါ သည်။

ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားဒေသ၌ ဖွံ့ဖြိုးရေးစီမံကိန်း တခုမှ မပြီးမြောက်နိုင်ကြောင်း၊ ဖွံ့ဖြိုးတိုးတက် သည့်ခေတ်ကာလတွင် အနာဂတ်ေ ခါင်းဆောင်ဖြစ်လာမည့် တိုင်းရင်းသားလူငယ်တော်တော်များ များ နောက်ကျ ကျန်နေမှုသည်လည်း စိန်ခေါ်မှုကြီးတရပ်ဖြစ်ကြောင်း ဆို၏။

မေလ ၂၅ ရက်နေ့၌ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ သျှမ်းလူငယ်ကွန်ယက် TYN နှင့် နမ့်လန်သျှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်း တို့ ပူးပေါင်းပြီး သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟန်နားကျေး ရွာ မောက် လွမ့်ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် ဆိုင်းလိုင်ရွာ စစ်ပြေးဒုက္ခသည် ၁၃၀ ကျော်အား ဆန်၊ အားလူး၊ ကြက်သွန်နီနှင့် ငွေသားနှစ်သိန်းခွဲ သွားရောက်ကူညီခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်ကလည်းဒီလိုဘဲ ပြည်တွင်းစစ်ကြောင့် ပြည် သူတွေ ဒုက္ခရောက်ခဲ့ကြရတယ်။ ရှေ့ဆက်ပြီး ဒီလိုဘဲ ဖြစ်နေဦးမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လမ်းစ မမြင်သေးဘူး။ ငြိမ်းချမ်းရေး ဆွေး နွေးပွဲ ကို မြန်မြန်ပြန်စဖို့ အစိုးရသစ်လည်း လုံးပမ်းနေချိန်မှာ ဒီလိုမဖြစ်သင့်ဘူး။ တပ်မတော်အနေနဲ့ တဖက်မှာ အပစ်ရပ်ပြီး တပြည်လုံးငြိမ်းချမ်းေ ရး ကြေ ညာရင် စစ်ပွဲရပ်နိုင်ပြီလို့ ပြောချင်ပါတယ်”ဟု စိုင်းဝမ်းလှိုင်းခမ်း က ပြောပါသည်။

အစိုးရစစ်တပ်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA တို့ကြား တိုက်ပွဲကြောင့် သီပေါမြို့နယ် နမ့်မကျေးရွာအုပ်စုမှ ရွာသူရွာသား ၁၅၀၀ ခန့် သီပေါမြို့နှင့် လားရှိုးမြို့သို့ စစ်ပြေးရှောင်နေ ကြရ သည်။

သျှမ်းသံတော်ဆင့်/မွေခေါဝ်

ကွမ်းစားသုံးခြင်း ၊ ကွမ်းတံတွေးထွေးခြင်းတွေကို ဥပဒေ ၊ စည်းမျဉ်းတွေနဲ့ အညီ ကိုင်တွယ်ဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ အကြောင်းကြား စာထုတ်ပြန်



နိုင်ငံတစ်ဝှမ်းလုံးရှိ ဌာနဆိုင်ရာ ရုံး၊ကျောင်း၊အဖွဲ့အစည်းတွေရဲ့ဝန်ထမ်းတွေကို တာဝန်ချိန်အတွင်း ကွမ်းယာစားသုံးခြင်းမရှိစေရေး ၊ ဌာနဆိုင်ရာ အဆောက်အဦးနဲ့ပရ၀ဏ်အတွင်း ကွမ်းအရောင်းဆိုင်တွေ မရှိစေရေး စည်းကမ်းသတ်မှတ်ပြီး ထိရောက်တဲ့ အပြစ်ပေးအရေးယူခြင်းတွေနဲ့ စံနမူနာဖြစ်စေရေး ဆောင်ရွက်သွားဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေထံ အကြောင်းကြားစာတစ်စောင်ပေးပို့လိုက်ပါတယ်။

အဲဒီအကြောင်းကြားစာကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၊ ညွှန်ကြားရေးမှူးချုပ်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီအကြောင်းကြားစာမှာ ကွမ်းစားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ရောဂါတွေ နဲ့ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးတာတွေနဲ့ သတိပေးနှိုးဆော်တာတွေပြုလုပ်ဖို့ ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်၊ရပ်ကွက် နဲ့ ကျေးရွာအုပ်စုအဆင့် ကော်မတီတွေဖွဲ့စည်းပြီး ဥပဒေတွေ ၊ ဒေသန္တရအမိန့်တွေရေးဆွဲထုတ်ပြန်ဖို့စတာတွေပါဝင်ပါတယ်။

 ဒါ့အပြင် ဆေးရုံ၊ဆေးခန်းတွေမှာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ၊ ကျောင်းသူ၊ကျောင်းသားတွေ ဆရာ၊ဆရာမတွေကို ကျန်းမာရေးအသိပညာပေးဖို့နဲ့ ကျောင်းဝင်းအတွင်း ကွမ်းစားတာ၊ စည်းကမ်းမဲ့ ကွမ်းတံထွေးထွေးမှုတွေမပြုလုပ်ဖို့ စည်းကမ်းထုတ်ပြန်ပေးဖို့ ၊ ကျူးလွန်ရင် ပြစ်ဒဏ်ပေးမှုတွေ ဆောင်ရွက်ဖို့ ပါရှိပါတယ်။

 တာဝန်ရှိသူတွေအကြားအစည်းအဝေးတွေပြုလုပ်ပြီး ဥပဒေအာဏာသက်ဝင်ရေးနဲ့ ဥပဒေစည်းကမ်းတွေနဲ့အညီ ၀န်ကြီးဌာနတွေ ၊ မြို့တော်စည်ပင်သာယာရေးကော်မတီတွေ ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေကိုလည်း ဖော်ပြထားပါတယ်။

5 Plus News

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီကို အသစ် ပြန်လည် ဖွဲ့စည်းမည်


ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီ (UPDJC) အစည်းအဝေး ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ မေ ၂၇ ရက် (ဆင်ဟွာ)

    ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီ (UPDJC) ကို အသစ်ပြန်လည် ဖွဲ့စည်းမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ဥက္ကဋ္ဌ အဖြစ်တာဝန်ယူလျက် ရှိသော ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံရေး အပြောင်းအလဲနှင့် အနာဂတ် လိုအပ်ချက်ပေါ် မူတည်ပြီး ပြောင်းလဲမည် ဖြစ်ပြီး အဆိုပါ အပြောင်းအလဲသည် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ UPDJC ပြန်လည် ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး (NCA) က သတ်မှတ်ထားသည့် ပြုပြင် ပြောင်းလဲနိုင်သည့် နေရာများတွင် ပြုပြင်ပြောင်းလဲမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

 ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် နိုင်ငံရေးပါတီ ၉၀ ကျော်က ကိုယ်စားလှယ်များ အားလုံး ပါဝင်ခွင့်ရမည် မဟုတ်ဘဲ လွှတ်တော် တစ်ရပ်ရပ်မှာ အနည်းဆုံး ကိုယ်စားလှယ် တစ်ဦးရှိသည့် နိုင်ငံရေး ပါတီများကိုသာ ကိုယ်စားလှယ် အဖြစ် ထည့်သွင်းသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီ (UPDJC) အစည်းအဝေး နေပြည်တော်၌ ကျင်းပစဉ် (ဆင်ဟွာ)
ယနေ့ ကျင်းပသော  ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီ အစည်းအဝေးတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ၂ ပိုင်းခွဲပြီး လုပ်ဆောင်မည်ဖြစ်ပြီး ပထမတစ်ပိုင်းသည် ယခင် MPC ဟုခေါ်သော  အဖွဲ့အစည်းကို ပြန်ပြီး ဖွဲ့စည်းမည် ဖြစ်ပြီး ဒုတိယအပိုင်းသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအတွက် ပြင်ဆင်ရေး များကို ဆွေးနွေးမည် ဖြစ်သည်။

ယင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်း ကော်မတီ ဖွဲ့စည်းရေးကို ယနေ့ အပါအဝင် နှစ်ရက်ကြာ ကျင်းပမည် ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီ (UPDJC) ကို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ ဒုတိယ ဥက္ကဋ္ဌ ၊ ဖဒိုစောကွယ်ထူးဝင်း ဒုတိယ ဥက္ကဋ္ဌ ၊ ဦးသုဝေ ဒုတိယ ဥက္ကဋ္ဌ ၊ ဦးလှမောင်ရွှေ အတွင်းရေးမှူး ၊ဒေါက်တာတင်မျိုးဝင်း ၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ ၊ ဒေါက်တာ ဝင်းမြတ်အေး ၊ နိုင်သက်လွင်တို့ အပြင် ဦးထွန်းထွန်းဦး ၊ ဦးခွန်မောင်သောင်း ၊ ဒေါ်ရှီလာနန်တောင် (ခေါ်) ဒေါ်အမ်နမ်တောင် ၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း ဗိုလ်ချုပ်စိုးနိုင်ဦး ၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်မှုးချုပ် စိန်ထွန်းလှ နှင့် ဦးခင်ဇော်ဦးတို့ တာဝန်ယူ ဆွေးနွေးလျက် ရှိသည်။

 (Xinhua)

ယူရိုငွေ သန်း ၈ဝ ကျော် စာရင်းရှင်းဖို့ အစိုးရဟောင်း ကို ကျောက်မျက်လုပ်ငန်း ရှင်တွေ တောင်းဆို

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရ ဦးရွှေမန်း ကို တွေ့ရစဉ်။ Photo: RFA
သမ္မတဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေအနေနဲ့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေထဲက စာရင်းပျောက်နေတဲ့ ယူရိုငွေ ၈၆ သန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပေးဖို့ တိုင်ကြားစာတစောင်ကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ထံ ကျောက်မျက်ရတနာအသင်း ဥက္ကဌ ဦးဆောင်ပြီး အသင်းရဲ့အမှုဆောင်တွေက စုပေါင်းလက်မှတ်ထိုး ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ကျောက်မျက်အသင်းရဲ့ တိုင်ကြားစာကိုလက်ခံရရှိထားပြီး၊ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနကို လွှဲထားတယ်လို့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအေးမောက်က RFA ကိုပြောပါတယ်။

"ဟုတ်ပါတယ် တိုင်ကြားစာပေါ့ မှန်ပါတယ်ခင်ခင်ဗျ၊ ကျောက်မျက်မှာ ရန်ပုံငွေနဲ့ပတ်သက်လို့ အလွဲသုံးစားလုပ်ထားတယ်လို့ ယူဆတဲ့သဘောပေါ့လေ၊ အဲ့ဒါကြောင့် ဒါကိုစိစစ်ပေးဖို့ဆိုပြီးတော့ အဲ့လိုတော့ စာရောက်တယ်လို့ပြောတယ်၊ ကျနော်တို့ အဓိကတော့ သူတို့တကယ်တော့ ဝန်ကြီးဌာနက ကိုင်တာလေ၊ သူတို့ပဲဆက်ကိုင်မှာဗျ"

၂ဝဝ၉ ခုနှစ်ကနေ ၂ဝ၁၅ ခုနှစ်အတွင်း ကျောက်မျက်ပြပွဲတွေရဲ့ ရောင်းရငွေ ၁ ရာခိုင်နှုန်းကို အသင်းရဲ့ရန်ပုံငွေအဖြစ်ထားခဲ့ပေမယ့် အဲ့ဒီရန်ပုံငွေဟာ အခုချိန်မှာ ယူရိုငွေ ၇ သန်းပဲ ကျန်တော့တဲ့အတွက် ကွာဟနေတဲ့ ငွေတွေနဲ့ပတ်သက်ပြီး စာရင်းရှင်းပေးဖို့နဲ့ မရှင်းနိုင်ရင် အရေးယူပေးဖို့ တိုင်ကြားခဲ့တာဖြစ်တယ်လို့ မန္တလေး ကျောက်မျက်အသင်း ဥက္ကဌ ဦးသန်းဝင်းက ပြောပါတယ်။

"နိုင်ငံတော်အခွန်စာက ၇ ရာခိုင်နှုန်းပေါ့နော်၊ ၃ ရာခိုင်နှုန်းက တက္ကသိုလ်ဝန်ကြီးဌာန၊ ၂ ရာခိုင်နှုန်းကတော့ ပြပွဲကျင်းပရေးကော်မတီပေါ့နော် အဲ့လိုကောက်တယ်၊ ကျနော်တို့ လုပ်ငန်းရှင်အသင်းက ဒီဟာကိုစီမံခန့်ခွဲခွင့်မရဘူးပေါ့၊ ပြပွဲကျင်းပရေးဗဟိုကော်မတီက ငွေကြေးတွေကိုင်တွယ်တယ်၊ သုံးစွဲတယ်ပေါ့နော်၊ အဲ့ဒီကနေ ဒီနေ့ဒီကြားထဲမှာ စာရင်းရှင်းတမ်း တစ်ခါမှမရှိသေးဘူးပေါ့၊ စုစုပေါင်းကတော့ ၉၃ သန်းရှိတာပေါ့၊ အခုလောလောဆယ် အကြမ်းမျဉ်းကျန်တဲ့ငွေက ၇ သန်းလောက်ပဲ ကျန်တော့တယ်ကြားတယ်၊ ဒီအသင်းခွတြွေရဲ့ ခေါင်းဆောင်တွေပေါ့ဗျာ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဒု-ဥက္ကဌတို့ဘာတို့ စုပေါင်းပြီး ၁ဝ ယောက်လောက် လက်မှတ်ထိုးပြီးတော့ စာပို့ထားတာပေါ့၊ သူရ ဦးရွှေမန်းဆီကို"

အခုတိုင်ကြားမှုနဲ့ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာနက သက်ဆိုင်ရာအရာရှိတွေနဲ့ တိုင်ကြားထားတဲ့ ကျောက်မျက်အသင်းက ပုဂ္ဂိုလ်တချို့ ဒီနေ့ညနေက တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိပ် မသိရသေးပါဘူး။

RFA Burmese

သြစတြေးလျတွင် လင်းဆွဲအုပ် အဆမတန်ကျရောက်

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်က ဘိတ်မန်းစ်ဘေး (Batemans Bay) အပန်းဖြေမြို့မှာ လင်းဆွဲအုပ်တွေ အဆမတန် ကျရောက်နေတဲ့အတွက် မြို့ခံတွေ စိတ်အနှောင့်အယှက် ဖြစ်နေကြပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီ နိုင်ငံတောင်ပိုင်းက အပန်းဖြေကမ်းခြေမြို့မှာ လင်းဆွဲအုပ်တွေ ပြောင်းရွှေ့လာကြပြီး အခုဆို အကောင်ရေ ၃ ဆလောက် တိုးလာပြီလို့ ဆိုပါတယ်။
အစိုးရက ထိန်းသိမ်းကာကွယ်ထားတဲ့ လင်းဆွဲမျိုးတွေ ဖြစ်တဲ့အတွက် ဖမ်းဆီးဖယ်ရှားလို့လည်း မဖြစ်တဲ့အတွက် မြို့ခံအာဏာပိုင်တွေက ဘယ်လိုထိန်းချုပ်ရမလဲ ခေါင်းခြောက်နေကြပါတယ်။
မြို့ခံတဦးကတော့ မနက်မိုးလင်းလာတာနဲ့ တရက်မပြတ် အိမ်ရှေ့စင်္ကြန်နဲ့ ကားကို နေ့စဉ်မပြတ် ဆေးကြောနေရတယ်လို့ စိတ်ပျက်လက်ပျက် ပြောဆိုပါတယ်။
လျှပ်စစ်ဓာတ်အားကြိုးတွေ ပြတ်တောက်တာ၊ ကမ္ဘာလှည့်ခရီးသွားတွေ မလာတော့တာ၊ မြို့အိမ်ခြံမြေဈေးကွက်တွေ ထိခိုက်တာတွေလည်း ဖြစ်ရတယ်လို့ Seven News သတင်းဌာနက ဆိုပါတယ်။
ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ပြည်နယ်အစိုးရက အမေရိကန်ဒေါ်လာ ၂ သန်းခွဲ သတ်မှတ်ထားတယ်လို့ အေဘီစီရုပ်သံက ဆိုပါတယ်။

နိုင်ငံရေးသမားများကို နှစ်ရှည်အကျဉ်းချရာတွင် အသုံးပြုခဲ့သည့်ဥပဒေ ရုပ်သိမ်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ အပါအ၀င် နိုင်ငံရေးသမားတွေကို နှစ်ရှည်အကျဉ်းချရာမှာ အသုံးပြုခဲ့တဲ့ဥပဒေကို သမ္မတလက်မှတ်နဲ့ မေလ ၂၆ ရက်နေ့က ရုပ်သိမ်းခဲ့ပါတယ်။
နိုင်ငံရေးသမားတွေကို နှစ်ရှည်အကျဉ်းချရာမှာ အသုံးပြုခဲ့တဲ့ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေကို ပြန်ရုပ်သိမ်းတဲ့ ဥပဒေကို မေလ ၂၆ ရက်နေ့ ရက်စွဲနဲ့ သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။
ဒီဥပဒေဟာ မဆလ အစိုးရလက်ထက် ၁၉၇၅ ခုနှစ်ကတည်းက ပြဌာန်းပြီး စစ်အစိုးရ အဆက်ဆက်နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချရမှာ အသုံးပြုခဲ့တာဖြစ်ပြီး  ခုအန်အယ်လ်ဒီအစိုးရလက်ထက်မှာ  ပြန်ရုပ်သိမ်းလိုက်တာပါ။
DVB

ရုပ်သံလွှင့်လုပ်ငန်း တန်းတူညီမျှယှဉ်ပြိုင်ခွင့်ရရေး နည်းလမ်းရှာမည်ဟု ၀န်ကြီးပြော

ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခွင့်အလမ်းတန်းတူညီမျှရှိရေးအတွက် ဖြစ်နိုင် သမျှ အကောင်းဆုံးဆောင်ရွက်နိုင်မယ့်နည်းလမ်း ရှာဖွေဖို့သွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားလိုက်ပါတယ်။
မေလ ၂၇ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးတိုးမှုဆွေးနွေးပွဲမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“တန်းတူညီမျှယှဉ်ပြိုင်လုပ်ပိုင်ခွင့်ရရေး ဆိုတာကိုလည်း တောင်းဆိုလာတာတွေရှိပါတယ်။ ဒါကြောင့် နည်းဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ပြည့်ပြည့်စုံစုံ ချမှတ် ဆောင်ရွက်နိုင်ခြင်း မရှိသေးခင် ကြားကာလမှာ ရုပ်သံလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနဲ့ အခွင့်အလမ်း တန်းတူညီမျှ ရှိရေးကို ဖြစ်နိုင်သမျှ အကောင်းဆုံးဆောင်ရွက်နိုင်မယ့် နည်းလမ်းရှာဖွေဖို့ဆိုပြီး ဒီကနေ့ ဆွေးနွေးပွဲကို ကျင်းပတာ” လို့ ဒေါက်တာဖေမြင့်က ပြောပါတယ်။
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေနဲ့ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်မယ့် ကိစ္စတွေ၊ မြန်မာနိုင်ငံတွင်း ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးတိုးမှု စတဲ့ အကြောင်းအရာ တွေကို ဆွေးနွေးနေကြပါတယ်။
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ရုပ်သံလောက ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ရုပ်သံလုပ်ငန်းတွေ ညီညွတ်မျှတစွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပေမယ့် လက်ရှိအခြေအနေမှာ ဘာတွေပြင်ဆင်သင့်တယ် ဆိုတဲ့ ဝေဖန်ထောက်ပြတာတွေ ရှိလာနိုင်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။
ဒီဥပဒေပြဋ္ဌာန်းပြီးနောက် အမျိုးသားရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ဒါပေမယ့် ဥပဒေပြဋ္ဌာန်းပြီး ၆ လအတွင်း ရုပ်မြင် သံကြားနှင့် အသံလွှင့်ကောင်စီကို ဖွဲ့စည်းရမယ်ဆိုတဲ့အချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ဒီအတောအတွင်း အစိုးရအပြောင်းအလဲဖြစ်သွားတဲ့အတွက် ရုပ်သံဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ကို ဖွဲ့စည်းဖို့ခက်ခဲသွားတယ်လို့ ဆိုပါတယ်။
ရုပ်သံလွှင့် ဥပဒေပါပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ၀န်ကြီးဌာန၊ အဖွဲ့တွေ၊ ကောင်စီတွေ ဒါတွေက စည်းမျဉ်းစည်းကမ်းတွေချပြီး ဆောင်ရွက်သွားရမှာဖြစ်ပြီး ဒါတွေ ပြည့်စုံမှ ရေရှည်အတွက် ပိုမိုခိုင်မာအောင် လုပ်လို့ရမှာ ဖြစ်ကြောင်း၊  အချိန်ကြာမြင့်နိုင်ကြောင်းလည်း ဒေါက်တာဖေမြင့်က ပြောပါတယ်။
DVB

Sunday, May 22, 2016

သွေးဆူအုံကြွစေနိုင်သည့် အသုံးနှုန်းများ ရှောင်ရှားစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော


လူတွေ စိတ်ဝမ်းကွဲပြီး သွေးဆူအုံကြွ စေနိုင်တဲ့ အသုံးအနှုန်း အားလုံးကို ရှောင်ရှားစေချင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာပြုလုပ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ရိုဟင်ဂျာ အသုံးအနှုန်းနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်က သွေးဆူစေတဲ့ အသုံးအနှုန်းတွေကြောင့် ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အလွန်ခက်ခဲစေကြောင်း၊ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ဖြစ်၊ တခြား နေရာမှာပဲ ဖြစ်ဖြစ် လူတွေ  သွေးဆူ အုံကြွစေနိုင်တဲ့ အသုံးအနှုန်းအားလုံးကို မသုံးဘဲ ရှောင်စေချင်တယ်လို့ ပြောပါတယ်။
ဒါကြောင့် တခြားလူတွေအနေနဲ့ မြန်မာပြည်ရဲ့ အခက်အခဲတွေကို သိနားလည်ကြဖို့နဲ့ ပြဿ နာတွေကို ဖြေရှင်းဖို့ အခြေအနေတရပ်လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က  ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီကလည်း မြန်မာပြည်မှာ ဒီကိစ္စဟာ အလွန်သွေးဆူစေတယ်လို့ဆိုတာကို သူသိကြောင်း၊ အရေးကြီးတာက ပြဿနာကို ဖြေရှင်းဖို့ ဖြစ်ပြီး အောက်ခြေမှာ အခြေအနေတွေ တိုးတက်ဖို့၊ ဖွံ့ဖြိုးတိုးတက်စေဖို့၊ လူ့အခွင့်အရေး လေးစားဖို့၊ ရခိုင်ပြည်နယ်အပါအ၀င် မြန်မာပြည်အနှံက ပြည်သူတွေ အားလုံး အကျိုးရှိစေဖို့ပဲလိုကြောင်း၊ ဘယ်လို အသုံးအနှုန်းမျိုးကိုဖြစ်ဖြစ် ပြဿ နာကို မီးထိုးပေးတဲ့ အသုံးအနှုန်းဖြစ်ရင် ရှောင်းရှားစေလိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဂျွန်ကယ်ရီက စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အကူးအပြောင်း ပြည်စုံအောင်မြင်ဖို့ အရေးကြီးတဲ့ အခက်အခဲတွေ ရှိနေကြောင်း၊ အမေရိကန် အစိုးရအနေနဲ့ မြန်မာ အစိုးရသစ်ကို ကူညီပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီက ကမ်းလှမ်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်က မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြုပြင် မွှမ်းမံလိုက်တာဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲ အခြေခိုင်မာစေဖို့၊ အားလုံးအကျိုးခံစားရမယ့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနိုင်အောင် လမ်းဖွင့်ပေးတဲ့ သဘောဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမ့ယ် လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်းဆိုရင် အမေရိကန် အစိုးရအနေနဲ့ ကျန်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို နောက်ထပ်ဖြေလျှော့ပေးမှာ မဟုတ်ဘူးလို့လည်း ဂျွန်ကယ်ရီက ပြောပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံတဲ့အခါလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေကို ဆက်လုပ်ဖို့အတွက် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
DVB