Pages

Wednesday, April 26, 2017

YBS(၆၁)ယာဉ်လိုင်းကယာဉ်မောင်းက တက္ကစီယာဉ်မောင်းကို ဆဲဆိုရိုက်နှက်မှုဖြစ်ပွား


YBS (၆၁)ယာဉ်လိုင်းက ယာဉ်မောင်းတစ်ဦးက တက္ကစီယာဉ်မောင်းတစ်ဦးကို ဆဲဆိုပြီး တုတ်နဲ့ရိုက်တဲ့အမှုဖြစ်ပွားခဲ့ပါတယ်။ မနေ့က ည (၇)နာရီကျော်လောက်က မင်းဓမ္မလမ်းအတိုင်းမောင်းနှင်လာတဲ့ YBS (၆၁)၊ တက္ကစီနဲ့ အခြား YBS ကားတစ်စီးတို့ဟာ လားရာအတူမောင်းနှင်လာစဉ် သမိုင်းလမ်းဆုံအနီး မှတ်တိုင်တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။
YBS (၆၁)ကားက မှတ်တိုင်မှာ အတင်အချပြုလုပ်ရာ အောက်ကြောမှာ မရပ်ဘဲ အလယ်ကြောမှာတင် ခရီးသည်အတင်အချ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် တက္ကစီက လမ်းရဲ့ အောက်ကြောကို ၀င်ရောက်ခဲ့ရာ YBS (၆၁)က စပယ်ယာက ဆဲဆိုပြီး ကားပေါ်က ဆင်းကာ တက္ကစီယာဉ်မောင်းကို ရိုက်ပြီး ထွက်ပြေးခဲ့တာဖြစ်ပါတယ်။

 ထွက်ပြေးသွားတဲ့ စပယ်ယာကို လိုက်လံဖမ်းဆီးရာမှာတော့ ဒီနေ့နေ့လည်ပိုင်းက လှိုင်သာယာမြို့နယ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ ဘုရင့်နောင်နယ်မြေရဲစခန်းက ဒုရဲအုပ်ဘုန်းကျော်က ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ YBS (၆၁) ယာဉ်မောင်းကို ဘုရင့်နောင်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Photo-Kyaw Naing Win
5 Plus News