Pages

Wednesday, August 30, 2017

အကြမ်းဖက်အဖွဲ့တွေကို တိုက်ထုတ်ပြီး တိုင်းရင်းသားကျေးရွာတွေ ဆက်ရပ်တည်နိုင်ရေး အစိုးရဆောင်ရွက်ပေးဖို့ အဆို အမျိုးသားလွှတ်တော်မှာ အတည်ပြု

နေပြည်​​တော်​- သြဂုတ်လ ၃၀ ရက်

သြဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ် တင်သွင်းတဲ့ “မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏
ကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို အမျိုးသားလွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။

ဦးမောင်မောင်လတ်ရဲ့အဆိုကို ဧရာဝတီ(၁၂) က အမတ် ဦးကြည်ဝင်း၊ မကွေး(၁) က အမတ် ဦးလှဆန်း၊ ရခိုင်(၄)က အမတ် ဦးကျော်ကျော်တို့က ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။

အဆိုနဲ့ပတ်သက်ပြီး အစိုးရဘက်က လာရောက်တင်ပြတဲ့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကလည်း အဆိုကို အတည်ပြုသင့်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်မှာ လျှို့ဝှက် မဲခွဲရာမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၉၇ ယောက်အနက် ၁၈၇ ယောက်က ထောက်ခံခဲ့ကြပြီး ကန့်ကွက်သူ တစ်ယောက်နဲ့ ကြားနေမဲ သုံးမဲသာ ရှိခဲ့ပါတယ်။

ထောက်ခံသူများတဲ့အတွက် အဆိုကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ဥက္ကဌ မန်းဝင်းခိုင်သန်းက ကြေငြာခဲ့ပါတယ်။

ဒီသတင်းကို Sky Net လွှတ်တော်ချယ်နယ်က သိန်းကိုလွင် ပေးပို့ထားတာဖြစ်ပြီး အပြည့်အစုံကို Up to Date, MNTV နဲ့ ပြည်တွင်းသတင်းတွေမှာ ဆက်ပြီး တင်ပြပေးသွားပါလိမ့်မယ်။

Ly Mo News

ref ; Sithu Aung Myint