Pages

Monday, August 28, 2017

သရက်အုပ်ကျေးရွာကို ဘင်္ဂလီရွာ ၅ ရွာမှ လူပေါင်း ၁၀၀၀ ကျော်ဖြင့် ၀ိုင်းဝန်းတိုက်ခိုက်၊ ရေတပ်က တပ်ကူ လိုက်ကာကွယ်ခဲ့ရ

နိရဉ္စရာ၊ သြဂုတ် ၂၈
မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိသည့် ရခိုင်သရက်အုပ်ကျေးရွာကို အနီးအနားရှိ ဘင်္ဂလီရွာ (၅) ရွာမှ အကြမ်းဖက်သမား လူပေါင်း ၁၀၀၀ ကျော်ဖြင့် ယနေ့ နံနက် ၁၁ နာရီကျော်ခန့်က ၀ိုင်းဝန်း တိုက်ခိုက်ခဲ့သည်။

“ သူတို့က မြောက်ဘက်နဲ့ တောင်ဘက်ကနေ တက်လာပြီး ရွာကို ၀ိုင်းပြီး သေနတ်တွေနဲ့ စတင်ပစ်ခတ်ပါတယ်။ ရေတပ်က တပ်ကူလာပြီး ပစ်ခတ်တော့မှ မြောက်ဘက်က အုပ်စု နောက်ဆုတ်သွားပါတယ်။ တောင်ဘက်ကတော့ မဆုတ်သေးဘူး။ ဒီအတိုင်းရှိနေပါတယ်” ဟု ကျေးရွာသား တစ်ဦးဖြစ်သူ ဦးမြင့်လိုင်က နေ့လယ် တစ်နာရီက မေးမြန်းစဉ် ပြောကြားသည်။

သရက်အုပ် ရခိုင်ကျေးရွာအား ၀ိုင်းဝန်း တိုက်ခိုက်ရာတွင်ပါဝင်သူများမှာ ရေခပ်ချောင်းခွဆုံ၊ မျှော့တောင်၊ ဓါးကြီးစား၊ သရက်အုပ်နှင့် နောက် ဘင်္ဂလီကျေးရွာမှ အကြမ်းဖက်သမားများ ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

“ ကျွန်တော်တို့ရွာမှာတော့ နယ်ခြားစောင့် စခန်းရှိပါတယ်။ ရေတပ်က လာကူတဲ့ အတွက်သူတို့ နောက်ဆုတ်သွားတယ်။ တောင်ဘက်ကတော့ ခုချိန်ထိ စုရုံးနေတာကို တွေ့ရတယ်။ လေတပ်ကပါ ၀ိုင်းကူပေးဖို့ လိုမယ်လို့ ထင်ပါတယ်” ဟု သူက ပြောသည်။

အကြမ်းဖက်သမားများ၏ ၀ိုင်းဝန်း တိုက်ခိုက်မှုမှာ တစ်နာရီကျော်ခန့် ကြာမြှင့်ခဲ့သည်ဟု သူက ပြောသည်။

Via. Yarza Thura