Pages

Wednesday, August 16, 2017

နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံတွင် သြဂုတ် ၁၆ ရက်နေ့ စစ်ဆေးမှုအရ H1N1 သံသယရှိသူ လူနာ ၄ ဦးတွေ့ရှိ၍ သီးသန့်ဆောင်တွင် ဆေးကုသပေးလျက်ရှိ


သြဂုတ် ၁၄ ရက်၊ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ၊
ဖျားနာဆောင် (၁) သို့ ကျန်းမာရေးမကောင်းမွန်သဖြင့် ဆေးရုံသို့ တက်ရောက်ဆေးကုသလျက်ရှိသော ဒေါ်အေးကြည် ၈၅ နှစ် ရွှေပြည်နိုင်ရပ်ကွက်၊ ပျော်ဘွယ်မြို့နေသူနှင့် သြဂုတ်လ ၁၅ ရက်၊ ၁၂ နာရီခွဲအချိန်တွင် ကျန်းမာရေးမကောင်းမွန်သဖြင့် ဆေးရုံ တက်ရောက်ကုသခဲ့သော  မဇင်နွယ်ဋ္ဌေး (၂၃) နှစ် ရွှေပန်းရွာ၊ မြို့သစ်မြို့၊ ဒေါ်စန်းမြင့် (၅၇) နှစ် တိုက် ၃၃၇၈/တ ဇမ္ဗူသီရိမြို့နယ်၊ ဥာဏသိဒ္ဓိရပ်ကွက်၊ မမျိုးစန္ဒာ ၂၀ နှစ် ကလျှာလမ်း၊ ဒက္ခိဏသီရိမြို့နယ်နေသူတို့တွင် ၂၀၁၇ ခုနှစ် သြဂုတ် ၁၆ ရက်နေ့ စစ်ဆေးမှုအရ ရာသီတုတ်ကွေးရောဂါ H1N1 ရောဂါပိုးသံသယတွေ့ရှိရသဖြင့် ၎င်းတို့ လေးဦးအား အထူးဆောင် ၂၃ (ခုတင် အမှတ်မရှိ) တွင် သီးသန့်ထားရှိကာ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။

ထွန်း(နေပြည်တော်)