Pages

Monday, September 11, 2017

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့်တရားစွဲခံရသည့် ကရင်ပြည်နယ်အစိုးအဖွဲ့အတွင်းရေးမှူးအပါအဝင် ငါးဦးကို လေးကြိမ်မြောက်ရုံးထုတ်


အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့်တရားစွဲခံရသူများဖြစ်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ ဦးပြုံးချိုအပါအဝင် ငါးဦးကို စက်တင်ဘာ ၁၁ ရက်တွင် ရန်ကုန်တိုင်း တရားလွှတ်တော်ရုံး၌ လေးကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

လေးကြိမ်မြောက်ရုံးထုတ်တွင် တရားစွဲဆိုခံရသူ ငါးဦးအနက် တဦးဖြစ်သည့် ဦးနေမျိုးထွန်း၏ အာမခံ လျှောက်ထားမှုကို ရန်ကုန်တိုင်းတရားသူကြီးက ပယ်ချခဲ့သည်။

တရားလိုဘက်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ညွှန်ကြားရေးမှူး ဦးစိန်တင်ကို စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ၂၇ ဦးတင်သွင်းခဲ့ကြောင်း သိရသည်။

ငါးကြိမ်မြောက်ရုံးချိန်ကို စက်တင်ဘာ ၁၈ ရက်၊ နေ့လည် ၁ နာရီတွင် ပြန်လည်ချိန်းဆိုလိုက်သည်။

မင်းထင်