Pages

Saturday, August 19, 2017

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ရိုးမအိမ်ရာစီမံကိန်း၏ ၁ မိုင်ပတ်လည်အတွင်းရှိ ကျူးများကို နေအိမ်တိုက်ခန်းပေးမည်

 LOCAL  AUG 19,2017
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရိုးမအိမ်ရာစီမံကိန်း၏ ၁ မိုင် ပတ်လည် အနီးပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိသော ကျူးကျော်များကို နေစရာတိုက်ခန်းပေးရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အိမ်ရာစီမံကိန်းသည် ကုလသမဂ္ဂ၏ မြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် UN-Habitat တို့၏ ဆင်းရဲ နွမ်းပါးမှုကျရောက်နေသော နိုင်ငံသားများကို ကူညီပံ့ပိုးရန် ဦးတည်ချက်ဖြင့် ပူးပေါင်းဆောက်လုပ်နေသော စီမံကိန်းဖြစ်ပြီး ယခင်အစိုးရလက်ထက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်း ဒေသကြီးဝန်ကြီးချုပ်တို့က စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးယုခိုင်က News Watch သို့ ပြောသည်။

စီမံကိန်းတည်ဆောက်မည့် ရိုးမအိမ်ရာ အနီးဝန်းကျင်၊ ၁ မိုင်ပတ်လည်အတွင်း နေထိုင်လျက်ရှိသည့်  နေအိမ်မဲ့ ကျူးကျော်များစာရင်းကို UN-Habitat မှ လွန်ခဲ့သည့် ၂ နှစ်ကတည်းက ကောက်ယူ ထားကာ စီမံကိန်းပြီးစီးသည့်အခါ နေအိမ် တိုက်ခန်းပေးအပ်ရန် စီစဉ်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကရှင်းပြသည်။ လက်ရှိအချိန် တွင် ရိုးမအိမ်ရာစီမံကိန်းအမှတ် (၁)ကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် ၁၆၈ တွင် ၄ ခန်းတွဲ ၅ ထပ် အဆောက်အဦ ၃ လုံး၊ အိပ်ခန်းပေါင်း ၆၀ ကို ဆောက်လုပ်နေပြီးစီမံကိန်းပြီးစီး ပါက ကျူးကျော်များကို နေစရာတိုက်ခန်းပေးရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဦးယုခိုင်က ပြောသည်။

ထို့ပြင် ယခင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် ရိုးမအိမ်ရာစီမံကိန်း အမှတ်(၁)မှ ၄ ခန်းတွဲ ၅ ထပ် အဆောက်အဦ ၆ လုံး၊ အိပ်ခန်းပေါင်း ၁၂၀ ခန်း ဆောက်လုပ်ပြီးစီးသည့်အတွက် လွှဲပြောင်း ခြင်းအခမ်းအနားကို သြဂုတ် ၂ ရက်က ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး၊  JICA မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အခန်းလွှဲပြောင်းလက်ခံမည့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းများတွင် ကျူးကျော်များကို နေရာချထားပေးပြီးဖြစ်သော်လည်း မည်သည့်ပုံစံဖြင့် လွှဲအပ်ပေးသည်ကို အသေးစိတ်မသိရသေးကြောင်း ဦးယုခိုင်က ပြောသည်။ ''အခု အဲဒီအခန်း ၁၂၀ မှာ နေထိုင်နေကြပြီ။ အဲဒီအခန်းတွေက ပြည်ထောင်စုအစိုးရနဲ့ UN-Habitat နဲ့ တိုက်ရိုက်လုပ်တာဆိုတော့ သူတို့ကို အငှားချတဲ့ပုံစံနဲ့လား၊ အလကားနေထိုင်ခွင့်ပြုတာလား၊ ပိုင်ဆိုင်မှုကို ဘယ်လိုပုံစံပေးချပေးတာလဲဆိုတာ အသေးစိတ်မသိရသေးဘူး''ဟု ဦးယုခိုင်က ပြောသည်။ သို့သော် ကုလသမဂ္ဂ၏ မြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်အရ ဆောင်ရွက်နေသော စီမံကိန်းနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုဆောင်ရွက်ရန် နေပြည်တော်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ ညွှန်ကြားလာပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒါနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုဝင်လုပ်ဖို့ စီစဉ်နေကြတယ်။ ရက်ပိုင်းအတွင်း  UN-Habitat က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတော့ အစည်းအဝေးလုပ်မယ်'' ဟု ဦးယုခိုင်က ပြောသည်။

ထို့အပြင် အဆိုပါကျူးကျော်များ နေရာချထားပေးမည့် အစီအစဉ်သည်    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်နေသည့် ကျူးကျော်စာရင်းကောက်ခံနေသည့် အစီအစဉ်နှင့် သက်ဆိုင်မှုမရှိကြောင်း သိရသည်။   

လင်းလင်းအောင် News Watch

 

ဧရာဝတီကမ်းလွန်လုပ်ကွက် နှစ်ခုတွင် လာမည့်နှစ်အတွင်း သဘာဝဓာတ်ငွေ့ တူးဖော်မည်ဟု သြစတြေးလျကုမ္ပဏီထုတ်ပြန် .


ဧရာဝတီကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ကွက်များဖြစ်သည့် A-7 နှင့် AD-5 လုပ်ကွက်များတွင် ၂၀၁၈ အ တွင်း သဘာဝဓာတ်ငွေ့တူးဖော် မည်ဖြစ်ကြောင်း သြစတြေးလျအ ခြေစိုက် Woodside Energy ကုမ္ပဏီက သြဂုတ် ၁၄ ရက်စွဲဖြင့် ထုတ်ပြန်သည်။
.
အဆိုပါ လုပ်ကွက်နှစ်ခု သည် ဧရာဝတီတိုင်းနှင့်ကပ်လျက် ရှိသည့် ကမ်းတွင် တစ်ဆက်တည်း တည်ရှိနေပြီး A-7 လုပ်ကွက် အနေဖြင့် ဧရာဝတီ ကမ်းခြေမှ ၁၅ မိုင်နှင့်အကွာနှင့် AD-5 လုပ်ကွက်အနေဖြင့် ကမ်းခြေမှ ၅၆ မိုင်အကွာတွင် သဘာဝဓာတ်ငွေ့ တူးဖော်မည်ဖြစ်သည်။

ထိုသို့တူးဖော်ရန် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုနှင့် လူမှုဘဝထိခိုက်မှုများကို မြန်မာနိုင်ငံ၏ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ် နည်းနှင့်အညီ ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ထိုသို့ ဆောင်ရွက်ခြင်းကို ERM နှင့် REM အဖွဲ့တို့က Woodside ကိုယ်စားဆောင်ရွက်မည်ဟု ဆိုသည်။

‘‘Woodside က လူမှုပတ်ဝန်းကျင်ထိခိုက်မှု EIA/SIA တွေ လေ့လာမယ်လို့ တင်ပြထားတယ်။ ငါး လုပ်ကွက်တွေအတွက် ဆွေးနွေး နေတယ်’’ဟု ဧရာဝတီတိုင်းဒေသ ကြီး စွမ်းအင်ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။  A-7 လုပ်ကွက်တွင် Wood-side က ၄၅ ရာခိုင်နှုန်းရှယ်ယာ ပါဝင်ပြီး တူးဖော်ရေးအော်ပရေတာအဖြစ် ဆောင်ရွက်ဖြစ်သည်။ Shell ရေနံကုမ္ပဏီက ၄၅ ရာခိုင်နှုန်းနှင့် MPEP က ၁၀ ရာခိုင်နှုန်းပါဝင်သည်။ AD-5 လုပ်ကွက်တွင် Woodside က ရှယ်ယာ ၅၅ ရာ ခိုင်နှုန်းနှင့် Shell က ၄၅ ရာခိုင်နှုန်း ရှယ်ယာပါဝင်သည်။

Woodside ကုမ္ပဏီသည် ပြီး ခဲ့သည့် ဇူလိုင်လကုန်ရက်ပိုင်းက A-6 လုပ်ကွက်တွင်လည်း သဘာဝဓာတ်ငွေ့သိုက် တွေ့ရှိထားပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် လုပ်ကွက်ဖြစ်ကြောင်း ကုမ္ပဏီက ကြေညာထားသည်။ ထိုလုပ်ကွက်တွင် MPRL E&P ကုမ္ပဏီက စွန့်စားရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင်နှုန်း၊ သြစတြေးလျရေနံကုမ္ပဏီ Woodside Energy နှင့် Total Myanmar E&Pက ၄၀ ရာခိုင်နှုန်းစီ ပါဝင်ဆောင် ရွက်ခြင်းဖြစ်သည်။
.
.
By ထွန်းထွန်းမင်း
7Day News Journal
http://www.7daydaily.com/story/104994

မြန်မာအပါအ၀င် ငါးနိုင်ငံမှ လာရောက် ဆေးကုသသူများကို ထိုင်းအစိုးရက ဗီဇာမလိုဘဲ ရက် ၉၀ နေထိုင်ခွင့်ပြု


ထိုင်းနိုင်ငံ သို့ မြန်မာ အ ပါအ၀င် နိုင်ငံငါးနိုင်ငံမှ လာ ရောက်ဆေးကုသမှု ခံယူသူများ ကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ရက်ပေါင်း ၉၀ (သုံးလ)နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာ ရေးဝန်ကြီးဌာနက အထက်ပါအ တိုင်း သတင်းထုတ်ပြန်ထားခြင်း ကို မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဌာနက သြဂုတ် ၁၇ ရက်တွင် ပြန်လည် အသိပေး ကြေညာထား သည်။မြန်မာအပါအ၀င် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ ထိုင်းသို့ လာ ရောက်ဆေးကုသမှုခံယူသူများ သည် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာ ရေးဝန်ကြီးဌာနက အသိအမှတ် ပြုထားသော ထိုင်းနိုင်ငံရှိ ဆေးရုံ ၁၆၀ မှ ကုသလိုသော ဆေးရုံကို ရက်ချိန်းရယူ၍ ဆက်သွယ်ရန်နှင့် ဆေးကုသရန် နေထိုင်ခွင့်ရက်ပေါင်း ၉၀ ရရှိရေး ‘Confirmation Letter for 90- Day Stay on Medical Ground’ အတည်ပြုစာအတွက် လူနာနှင့် လူနာရှင်တို့၏ အချက်အလက်များကို ရက်ချိန်းယူထားသည့် ဆေးရုံသို့ ပေးပို့ရန် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် အမည်နှင့် နိုင်ငံကူးလက်မှတ် မိတ္တူ စသည့်အချက်အလက်များ ပေးပို့အကြောင်းကြားထားသည့် လူနာနှင့် လူနာရှင်တို့သည် လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဆေးရုံက အတည်ပြုစာနှင့် နိုင်ငံကူးလက်မှတ်များ ပြသရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဆေးရုံတွင် လူနာသည် ဆေးကုသပြီးဆုံးချိန်အထိ ခံယူရ မည်ဖြစ်ပြီး ကုသမှုပြီးပါက လူနာ နှင့် လူနာရှင်တို့ မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာရမည်ဖြစ်ကြောင်း ကြေညာထားသည်။
‘‘လာပြီး ဆေးကုသမယ့်သူ တွေကို ရက်ပေါင်း ၉၀ ခွင့်ပြုပေး ထားတာ တစ်လလောက်ရှိနေပြီ။ ဆေးကုသလာမယ့်သူတွေအတွက်ပေါ့’’ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြောသည်။
ထိုင်းနှင့် မြန်မာကြား သာမန်ပြည်သူများအနေဖြင့် ၁၄ ရက်ကြာ ဗီဇာမလိုဘဲ သွားရောက်လည်ပတ်ခွင့်ကို ၂၀၁၅ သြဂုတ် ၁၁ ရက်တွင် စတင်ခွင့်ပြုပေးခဲ့သည်။
Credit: 7Day

(ဟာဂျူ လီ - ကသာ) ကွယ်လွန်


ဘန်ကောက်မြို့NCIဆေးရုံမှာဆေးကုသမှုခံယူနေရင်းဘန်ကောက်စံ တော်ချိန်နံနက်၅နာရီမှာသူချစ်တဲ့
ပြည်သူတွေနဲ့ချစ်တဲ့မိသားစုကိုခွဲခွါသွားပါပြီ …

Myo Aye
မြင့်လွင်

Friday, August 18, 2017

ဆီးဂိမ်းအမျိုးသမီး​ဘောလုံးပွဲ မြန်​မာအသင်းက မ​လေးရှားအသင်းကို ၅ဂိုးဂိုးမရှိဖြင့်​နိုင်

ဆီးဂိမ်းအမျိုးသမီး​ဘောလုံးပွဲ မြန်​မာအသင်းက မ​လေးရှားအသင်းကို ၅ဂိုးဂိုးမရှိဖြင့်​နိုင်

Wednesday, August 16, 2017

မြန်​မာက လာအိုကို ၃-၁ ဖြင့်​နိုင်

မိနစ်​၉၀အထိ၁-၁ဖြစ်​​နေရာမှာ အချိန်​ပို၎မိနစ်​အတွင်​၂ဂိုးသွင်းပြီး ၃-၁ဖြင့်​အနိုင်​ရသွားသည်

ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ဒုတိယပွဲစဉ်အဖြစ် (မြန်မာစံတော်ချိန်) ယနေ့ ညနေ ၇ နာရီ ၁၅ မိနစ်အချိန်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ မြို့တော်ခန်းမရှေ့တွင် LED ဘုတ်ကြီးမှတဆင့်ပြသမည်

ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ဒုတိယပွဲစဉ်အဖြစ် (မြန်မာစံတော်ချိန်) ယနေ့ ညနေ ၇ နာရီ ၁၅ မိနစ်အချိန်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ မြို့တော်ခန်းမရှေ့တွင် LED ဘုတ်ကြီးမှတဆင့်ပြသမည်ဖြစ်ရာ ပွဲမစတင်မီ ၁ နာရီကျော်လိုသေးသည့်အချိန်ကပင် မြန်မာပရိသတ်များ တဖွဲဖွဲ ရောက်ရှိလာလျက်ရှိသည်။

မြန်မာ-လာအိုပွဲနှင့် မြန်မာ-ဘရူနိုင်းပွဲစဉ်များကို မလေးရှားရုပ်သံများမှ တိုက်ရိုက်ထုတ်လွှင့်မည်မဟုတ်သဖြင့် မြန်မာ့အသံမှ ပြသရန်အခက်အခဲရှိသော်လည်း Facebook မှတဆင့် တိုက်ရိုက်ထုတ်လွှင့်မှုကို MRTV ရုပ်သံလိုင်းများမှ ပြသရန်စီစဉ်ထားသည်။
News watch

နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံတွင် သြဂုတ် ၁၆ ရက်နေ့ စစ်ဆေးမှုအရ H1N1 သံသယရှိသူ လူနာ ၄ ဦးတွေ့ရှိ၍ သီးသန့်ဆောင်တွင် ဆေးကုသပေးလျက်ရှိ


သြဂုတ် ၁၄ ရက်၊ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ၊
ဖျားနာဆောင် (၁) သို့ ကျန်းမာရေးမကောင်းမွန်သဖြင့် ဆေးရုံသို့ တက်ရောက်ဆေးကုသလျက်ရှိသော ဒေါ်အေးကြည် ၈၅ နှစ် ရွှေပြည်နိုင်ရပ်ကွက်၊ ပျော်ဘွယ်မြို့နေသူနှင့် သြဂုတ်လ ၁၅ ရက်၊ ၁၂ နာရီခွဲအချိန်တွင် ကျန်းမာရေးမကောင်းမွန်သဖြင့် ဆေးရုံ တက်ရောက်ကုသခဲ့သော  မဇင်နွယ်ဋ္ဌေး (၂၃) နှစ် ရွှေပန်းရွာ၊ မြို့သစ်မြို့၊ ဒေါ်စန်းမြင့် (၅၇) နှစ် တိုက် ၃၃၇၈/တ ဇမ္ဗူသီရိမြို့နယ်၊ ဥာဏသိဒ္ဓိရပ်ကွက်၊ မမျိုးစန္ဒာ ၂၀ နှစ် ကလျှာလမ်း၊ ဒက္ခိဏသီရိမြို့နယ်နေသူတို့တွင် ၂၀၁၇ ခုနှစ် သြဂုတ် ၁၆ ရက်နေ့ စစ်ဆေးမှုအရ ရာသီတုတ်ကွေးရောဂါ H1N1 ရောဂါပိုးသံသယတွေ့ရှိရသဖြင့် ၎င်းတို့ လေးဦးအား အထူးဆောင် ၂၃ (ခုတင် အမှတ်မရှိ) တွင် သီးသန့်ထားရှိကာ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။

ထွန်း(နေပြည်တော်)

မန္တလေးတွင် ကလေးများအား တောင်းရမ်းခိုင်းသည့် အုပ်ထိန်းသူ ခြောက်ဦးကို ထောင်ခြောက်လချ

မန္တလေးမြို့ မီးပွိုင့်များ နှင့် အထင်ကရနေရာများတွင် ကလေးများအား တောင်းရမ်းခိုင်း သည့် အုပ်ထိန်းသူ ခြောက်ဦးကို ကလေးသူငယ် ဥပဒေများဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ခြောက်လချမှတ်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသန့်ရှင်းရေးဌာနဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောသည်။

သြဂုတ် ၁၁ ရက်နှင့် ၁၂ ရက်တွင် မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန၊ စည်ပင်သာယာရဲ နှင့် ကလေးသူငယ်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ မန္တလေးမြို့လမ်းများ ပေါ်တွင် တောင်းရမ်း သူ ၅၅ ဦးကိုထိန်းသိမ်းခဲ့သည်။

အဆိုပါ ၅၅ ဦးတွင် ကလေး၄၇ ဦးနှင့် လူကြီးရှစ်ဦးပါဝင် ကြောင်း၊ ကလေးများကို လူမှုဝန်ထမ်းဦးစီးဌာနသို့ ပို့ဆောင်ခဲ့ပြီး လူကြီးရှစ်ဦးအနက် ခြောက်ဦးကို လူမှုဝန်ထမ်းဦးစီးဌာနက တရားလိုပြုလုပ်ကာ သြဂုတ် ၁၄ ရက်က ချမ်းမြသာစည်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ ကျန်နှစ်ဦးကို စည်ပင်သာယာဥပဒေများဖြင့် အရေးယူမည်ဟု  ဦးစိုးတင့်အောင် က ပြောသည်။

‘‘မနေ့က ၁၄ ရက်က သုံးဦး ကို တရားရုံးက ထောင်ခြောက်လ ချလိုက်တယ်။ နောက်သုံးဦးကို ဆက်စစ်ပြီး ဒီနေ့ ၁၅ ရက်နေ့ ထောင်ခြောက်လချပြီး အိုးဘိုထောင်ကိုပို့လိုက်ပြီ။ နှစ်ယောက်ကတော့ တောင်းရမ်းတာလောက် ပဲ လုပ်တာကြောင့် စည်ပင်ဥပဒေနဲ့ပဲ အရေးယူသွားပါမယ်။  လက်ရှိတော့ သက်ဆိုင်တဲ့ဌာနဆိုင်ရာအဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်လာပါတယ်။ ကလေးသူငယ်တွေကို တောင်းရမ်းခိုင်းတာကို ထိထိရောက်ရောက် တရားစွဲအရေးယူသွားမှာပါ။ အခက်အခဲရှိနေတာ က စနေ၊ တနင်္ဂနွေလိုရုံးပိတ်ရက်မျိုးမှာ ထိန်းသိမ်းထားတဲ့သူတွေကို နယ်မြေရဲစခန်းတွေကလည်း လက်မခံတော့ ထိန်းသိမ်းထားဖို့ ခက်ခဲပါတယ်’’ဟု ဦးစိုးတင့်အောင်ကပြောသည်။

ကလေးများကို တောင်းရမ်း ခိုင်းသည့် အုပ်ထိန်းသူများကို ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် တရားစွဲဆိုပြီး အဆိုပါပုဒ်မမှာ ငွေဒဏ်ကျပ် ၁၀,၀၀၀မှ အ များဆုံးထောင်ဒဏ် ၂ နှစ်အ ထိ ချမှတ်နိုင်သည်။ အရွယ်မ ရောက်သေးသည့် ကလေးများကို မီးပွိုင့်လမ်းဆုံ လမ်းခွများတွင် တောင်းရမ်းခိုင်းခြင်းမှာ ကလေး များအတွက် အန္တရာယ်များခြင်း၊ နိုင်ငံတကာမှ လာရောက်လည် ပတ်သူများအမြင်တွင် မြို့ဂုဏ် သိက္ခာ ထိခိုက်စေနိုင်ခြင်းတို့ ကြောင့် ထိန်းသိမ်းရခြင်းဖြစ် ကြောင်း ဦးစိုးတင့်အောင်က ရှင်း ပြသည်။

လူမှုဝန်ထမ်းသို့ ပို့ဆောင် ထိန်းသိမ်းထားသည့် ကလေးများ ထဲမှ ကျောင်းတက်နေသည့် ကလေးများကို ကျောင်းထောက်ခံ ချက်များ၊ မိဘများ၏ ထောက်ခံ ချက်များဖြင့် နောက်နောင်မပြု လုပ်ရန် ခံဝန်များထိုးခိုင်းကာ ပြန် လည်လွှတ်ပေးခဲ့ကြောင်း ဦးစိုး တင့်အောင်က ပြောသည်။

‘‘နောက်တစ်ခါ တောင်းနေ တာတွေ့ရင် ကလေးကိုလူမှုဝန် ထမ်းပို့ပြီး ပြန်လွှတ်မပေးတော့ ဘူး။ လူကြီးတွေကိုတော့ တရား စွဲမယ်’’ဟု ၎င်းကဆက်လက်ပြော  ကြားသည်။

 ပြန်လည်လွှတ်ပေးသည့် ကလေးအရေအတွက်ကို အ တည်မပြုနိုင်သေးသဖြင့်  ပြော၍ မရသေးကြောင်း၊ လမ်းပေါ်နေတောင်းရမ်းသည့် ကလေးများကိစ္စနှင့်ပတ်သက်၍ သြဂုတ် ၁၆ ရက် (ယနေ့)တွင် သတင်းစာရှင်း လင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ဝင်းက ပြောသည်။
7Day

လေလွင့်ခွေးများ ထိန်းသိမ်းရန် ကျပ်သိန်း ၂,၇၀၀ တန် ခွေးဂေဟာတည်ဆောက်ထား

ရန်ကုန်မြို့တွင် အစိုးရက ခွေးထိန်းသိမ်းရေးဂေဟာ (Dog Shatter) တစ်ခုကို ကျပ်သိန်း ၂,၇၀၀ အသုံးပြုကာ ပထမဆုံး တည်ဆောက်ထားပြီး လမ်းဘေး ခွေးကောင်ရေ ၇၀၀ ခန့် ထိန်းသိမ်းမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့ နယ် ထိန်ပင်သုသာန်အနီးတွင် ခွေးထိန်းသိမ်းရေး ဂေဟာတစ်ခု ကို ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ တိရစ္ဆာန်နှင့် သားသတ်ဌာနက တည်ဆောက် နေပြီး စက်တင်ဘာခန့်ကစ၍ လမ်းဘေးခွေးများကို ထိန်းသိမ်း မည်ဟု အဆိုပါဌာန ဒုတိယဌာန မှူး ဦးထွန်းလွင်က ပြောသည်။

အစိုးရဌာနက ယခင်ခွေးထိန်းသိမ်းရေးဂေဟာ တည် ဆောက်ဖူးခြင်းမရှိဘဲ ယခုဂေဟာ သည် ပထမဆုံးဖြစ်သည်။ အဆိုပါ ဂေဟာတွင် လမ်းဘေးခွေးများ၊ လေလွင့်ခွေးများနှင့် ရောဂါဖြစ် နေသော  ခွေး ၇၀၀ ခန့်ကို  ထိန်း သိမ်းနိုင်မည်ဖြစ်သည်။

‘‘ရန်ကုန်မြို့မှာ လမ်းဘေး ခွေးတစ်သိန်းကျော်၊ နှစ်သိန်းခန့် ရှိနေတယ်။ ဆိုတော့ ကျွန်တော် တို့က ရန်ကုန်မြို့က ခွေးတွေအ ကုန်လုံးကိုတော့ လက်မခံနိုင်ဘူး။ လာပေးတာမျိုးလည်း လက်မခံ ဘူး။ ကျွန်တော်တို့က ရန်ကုန်မြို့ နယ်တွေထဲမှာမှ ဆိုးတဲ့ခွေးတွေ၊ မနိုင်တော့တဲ့၊ ရမ်းတဲ့ခွေးတွေကို ဖမ်းပြီး ဒီအထဲမှာ ထိန်းသိမ်းထား မှာပါ။ ခွေးအရမ်းများတဲ့ မြို့နယ် တွေကို ဦးစားပေးမယ်’’ဟု ဌာန မှူး ဦးမျိုးလွင်က ပြောသည်။

အဆိုပါ ခွေးထိန်းသိမ်းရေး ဂေဟာ ကို ကျပ်သိန်း ၂,၇၀၀ ဘတ်ဂျက်သုံးကာ တည်ဆောက်ခဲ့ပြီး အစာချက်ဆောင်၊ ရေချိုးဆောင်နှင့် ကုသရေးဆောင်များပါဝင်ကာ ပေ ၁၅၀×၄၅၀ ကျယ်ဝန်းမည်ဖြစ် သည်။ ခွေးတစ်ကောင်အတွက် တစ်နေ့လျှင် စရိတ် ကျပ် ၂၅၀ အသုံးပြုမည်ဖြစ်သည်။

အဆိုပါခွေးများကို သား ဆက်ခြားခြင်း၊ ရောဂါကုခြင်းနှင့် အခြားနည်းလမ်းများဖြင့် ကျန်းမာ ရေးစောင့်ရှောက်ကာ အသက်ရှင် နေသမျှ ဂေဟာတွင်ထားရှိမည် ဖြစ်သည်။

‘‘ဒီလို ခွေးထိန်းသိမ်းရေး ဂေဟာတွေရှိလာဖို့ ကျွန်မတို့ တိရစ္ဆာန်ချစ်သူတွေက အများကြီးမျှော်လင့်ခဲ့တာပါ။ ကလေး တွေအတွက် ပုဂ္ဂလိက ဂေဟာတွေက မလုံလောက်ဘူး။ အစာလည်းမလုံလောက်ဘူး။ ဒီတော့ လမ်းဘေးမှာနေရင် အဆိပ်ကျွေးပြီး အရှင်းခံရတယ်။ ဒီလိုဂေဟာမျိုး ကို ကြိုဆိုပါတယ်။ နောက်ထပ် လည်း ဂေဟာတွေ ပေါ်လာစေချင် ပါတယ်’’ဟု တိရစ္ဆာန်ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (APO) မှ ဒေါ်သီသီက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ တိရစ္ဆာန် နှင့် သားသတ်ဌာနက တစ်နှစ်လျှင် လမ်းဘေးခွေးကောင်ရေ ပျမ်းမျှ သုံးသောင်းခန့်ကို အဆိပ်ကျွေး ခြင်းနည်းလမ်းဖြင့် ရှင်းလင်းခဲ့ သည်။ ၂၀၁၆ တွင် ခွေးကောင်ရေ နှစ်သောင်းကျော်ကို အဆိပ်ကျွေး ရှင်းလင်းခဲ့သည်။

7Day

Water Taxi ပြေးဆွဲရန် ပြည်ပမှ ဝယ်ယူထားသော သင်္ဘောအချို့ ရန်ကုန်ရောက်ရှိ


ရန်ကုန်မြစ်တွင်း မကြာခင်ပြေးဆွဲမည့် ရေကြောင်းတက္ကစီ (Water Taxi) အတွက် ပြည်ပနိုင်ငံမှ ဝယ်ယူထားသည့် နှစ်စင်းသည် Yangon Water Bus နန်းသီတာဂိတ်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရသည်။

အဆိုပါသင်္ဘောများသည် သြစတြေးလျနိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်ပြီး သြဂုတ် ၁၅ ရက်တွင် အလုံမြို့နယ်အမှတ် (၁)အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (Ahlone lnternational Port Terminal -1) သို့  HEIVTIA နိုင်ငံကူးသဘောင်္ကြီးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

အလုံဆိပ်ကမ်းမှတဆင့် နန်းသီတာဆိပ်ကမ်းသို့ ယင်းနေ့မှာပင်သယ်ဆောင်ခဲ့သည်။

Water taxi ဖွင့်ပွဲအခမ်းအနားကို မကြာမီပြုလုပ်ရန် စီစဉ်ထားသော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း Tint Tint Myanmar မှ သိရသည်။

Yangon Water Bus ကို ပထမအဆင့်အနေဖြင့် လှိုင်သာယာ-အင်းစိန်-ဗိုလ်တထောင်ခရီးစဉ်ကို စတင်ပြေးဆွဲရန်လျာထားပြီး ခရီးစဉ်လမ်းကြောင်းတလျှောက် မှတ်တိုင်များအဖြစ် အင်းစိန်ကြိုးတံတားအနီး၊ ဘုရင့်နောင်တံတား၊ FMI အိမ်ရာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင်(ဈေးကြီးတံတား)၊ လသာ (လမ်း သစ်တံတား)၊ ပန်းဆိုးတန်း(နန်းသီတာ)၊ ဗိုလ်တထောင်(တံတားအမှတ် ၄ ) နေရာများကို သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်း ၈ ခုအနက် ၆ ခု ပြီးစီးနေပြီး ဖြစ်သော်လည်း ဆိပ်ကမ်းအချို့မှာ  တည်ဆောက်ရန် အခက်အခဲ အချို့ရှိနေသေးကြောင်း၊ ယာဉ်စီးခအနေဖြင့် ခရီးသည်တဦးလျှင် ခရီးစဉ်အစအဆုံး ၅၀၀ ကျပ်၊ ခရီးတိုအတွက် ၃၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

လင်းလင်းအောင်
News Watch

Tuesday, August 15, 2017

၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူအား လူမြင်ကွင်းတွင် သေဒဏ်ပေး


ယီမင်နိုင်ငံ မြို့တော် ဆာနာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးတဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်ကောင်ကို မိန်းကလေးမိဘတွေနဲ့ ပရိသတ် ရာပေါင်းများစွာရှေ့မှာ သြဂုတ် ၁၄ ရက်နေ့က သေဒဏ်ပေးခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူဟာ အသက် ၂၂ နှစ်အရွယ် ဟူစိန်အယ်ဆာကစ် ဆိုသူဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်က ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို သေဒဏ်ပေးတာကို မိန်းကလေးမိဘတွေနဲ့ ပရိသတ် ရာပေါင်းများစွာရှေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် တရားခံကို လူမြင်ကွင်းမှာ သေနတ်နဲ့ ၆ ကြိမ် ပစ်ခတ်ပြီးနောက် အလောင်းကို ကရိန်းမှာ ချိတ်ဆွဲပြီး အများမြင်အောင် ပြသခဲ့ပါတယ်။

မိန်းကလေးရဲ့ မိခင်ဖြစ်သူက “ကျမ ဒီနေ့ကို စောင့်နေတာပါ။ ဒီတိရစ္ဆာန်ကောင်ကို သေဒဏ်ပေးတာမြင်ရလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒင်းကို ၂ နာရီ ၃ နာရီအစား ၃ ရက်လောက်ကို တွဲလောင်းချထားစေချင်တာ။ ကျမတို့လိုအဖြစ်မျိုးနဲ့ ကြုံရတဲ့သူတွေ အကုန်လုံးကို ဒီအတိုင်းပဲ ဖြစ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ တရားရုံးမှာ ကြန့်ကြာနေတဲ့ ဒီလိုအမှုတွေ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။

မိန်းကလေးရဲ့ ဖခင်ဖြစ်သူကလည်း “ကျေနာ် လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဒီအချိန် ဒီမြင်ကွင်းကို စောင့်နေတာပါ။ အခုလို သေဒဏ်ပေးဖြစ်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

ယီမင်နိုင်ငံမှာ ကလေးသူငယ်တွေကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်မှုနဲ့ တလအတွင်းမှာ  လူမြင်ကွင်း သေဒဏ်ပေးမှု နှစ်ခါပြုလုပ်ခဲ့ပါတယ်။
DVB

"သံသယရှိတဲ့ ဆင်သတ်မုဆိုး ၁၅ဦးကို ဖမ်းပြီး စစ်ဆေးနေ

ပုသိမ်ခရိုင်မှာရှိတဲ့ သစ်တောကြိုးဝိုင်းနဲ့ ကြိုးပြင်တွေမှာ ဆင်တွေမကြာခဏအသတ်ခံနေရတာကြောင့် သံသယရှိတဲ့ ဆင်သတ်မုဆိုး ၁၅ဦး ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

အရင်ကတော့ ဆင်သတ်မုဆိုးတွေက တခြားနယ်ကလာကြသူတွေဖြစ်ပေမယ့် ခုနောက်ပိုင်းမှာ ဒေသခံတွေက ပါ ဆင်သတ်မုဆိုးဖြစ်လာတာတွေ့ရတယ်လို့ ငပုတောမြို့နယ် သစ်တောဦးစီးမှုး ဦးတင်စိုးက ရှင်းပြပါတယ်။
ဒေသခံတွေက လမ်းပြ၊ ရိက္ခာသည်အလုပ်တွေလိုက်လုပ်ပေးရင်း ဆင်သတ်နည်းတွေ ဈေးကွက်တွေသိလာတာ ကြောင့် ကိုယ်တိုင်ဆင်မုဆိုးတွေဖြစ်လာကြတာပါ။ ဒေသခံတွေ ဆင်မုဆိုးဖြစ်လာတဲ့အတွက် အရင်လိုအပြင်လူ ဟုတ်တော့ ကူမဖော်ပေးကြတော့ဘဲဖုံးဖုံးဖိဖိလုပ်ကြတာကြောင့် တရားခံမိဖို့ခက်လာတယ်လို့ သိရပါတယ်။

အနောက်ရိုးမတောအတွင်းမှာ ပူးပေါင်းစစ်ကြောင်းဖွဲ့ပြီး ဆင်သတ်မုဆိုးတွေကို ရှာဖွေဖေါ်ထုတ်ခဲ့ရာမှာ သြဂုတ်လ ၄ရက် ကနေ ၁၁ ရက် အတွင်း အဲဒီသံသသယတရားခံ ၁၅ ဦးကိုဖမ်းမိခဲ့တာပါ။

သူတို့ဆီကနေ ဆင်ပစ်တဲ့နေရာမှာ အသုံးပြုတဲ့ တူးလေး ၁၈လက်၊ ဆင်သရေ၊ အဆိပ်ဘူး၊ မြှား၊ တူမီးသေနတ်ပြောင်း နှစ်ခု နဲ့ ယမ်းစိမ်းတွေကို သိမ်းဆည်းရမိထားတယ်လို့ ဒုတိယရဲမှုးကြီး ၀င်းမြင့်ထူးက ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ သြဂုတ် ၃ ရက်က ငပုတောမြို့နယ်ထဲမှာပဲ တောဆင်ရိုင်းနှစ်ကောင် အဆိပ်လူးမြားနဲ့ အပစ်ခံခဲ့ရပါတယ်။ နှစ်ကောင်စလုံးမှာလည်း သေဆုံးပြီးမှ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

ပုသိမ်ခရိုင်ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ ၂၀၁၇ အတွင်းမှာပဲ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေး နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃၇(က)နဲ့ အမှုပေါင်း၁၂မှုရှိနေတယ်လို့သိရပါတယ်။

ရုပ်သံသတင်းထောက်- သက်ဆွေ
7Day