Pages

Monday, April 30, 2012

ကြိုတင်ငွေဖြည့်စနစ်သို့ ပြောင်းလဲရန် ကျန်ရှိသေးသည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအား မေလ ၁ ရက်နေ့တွင် ထပ်မံပြောင်းလဲမည်


Monday, 30 April 2012 01:38
ကြိုတင်ငွေဖြည့်စနစ်သို့ ပြောင်းလဲရန်ကျန်ရှိနေသေးသည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအား မေလ ၁ ရက်နေ့တွင် ထပ်မံ ပြောင်းလဲသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ယခုထပ်မံပြောင်းလဲမည့် မိုဘိုင်းဖုန်းများမှာ  ၀၉ ၅၀၊ ၅၁ နံပါတ်ဖြင့် စသည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများဖြစ်ပြီး Call Center သို့ Message ပေးပို့ရန် ကျန်ရှိသည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများမှာ ဇွန်လ ၁ ရက် နေ့တွင် ထပ်မံပြောင်းလဲမည် ဖြစ် ကြောင်းသိရသည်။

'' အခု Prepaid စနစ်ကိုပြောင်းမယ့် ဖုန်းတွေက ၀၉ ၅၀၊ ၅၁ နဲ့ စတဲ့ ဂျီအက်စ်အမ်ဖုန်းတွေပါ။ Call Center ရဲ့ ၁၈၈၁၂ ကို Yes လို့ Message ပို့ထားတဲ့ ဖုန်းတွေအားလုံးကို ပြောင်းပေးမှာပါ။ Message ပို့ဖို့ကျန်တဲ့ ဖုန်းတွေကလည်း ၁၈၈၁၂ ကို Yes လို့ Message ထပ်ပို့ရမှာပါ။ ကျန်တဲ့ ဖုန်းတွေ Prepaid စနစ်ပြောင်းတာကိုတော့ ဇွန်လ ၁ ရက်နေ့မှာ ထပ်ပြောင်းပေးမှာပါ။ CDMA ဖုန်းတွေကတော့ လောလောဆယ်ပြောင်းတဲ့ အထဲမပါသေးပါဘူး''ဟု Call Center မှ ပြောကြားသည်။

အဆိုပါ Prepaid စနစ်သို့ ပြောင်းလဲမည့် မိုဘိုင်းဖုန်းများသည် ယင်းစနစ်သို့ မပြောင်းလဲခင်အချိန်အထိ ခေါ်ဆိုထားသည့် ခေါ်ဆိုခကျ သင့်ငွေများအား ယခင်ဖုန်းဘေလ် စနစ်ဖြင့်ပင် ပေးဆောင်ရမည်ဖြစ်ပြီး ကြိုတင်ငွေပေးချေထားသည့် ဖုန်းများမှာ Prepaid စနစ်သို့ မပြောင်းလဲမီ အချိန်အထိ ခေါ်ဆိုခများ ပေးချေပြီးနောက် ပိုငွေကျန်ရှိနေပါက Prepaid စနစ်ထဲသို့ ပြောင်းလဲ ထည့်သွင်းပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Prepaid စနစ်သို့ ပြောင်းလဲရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်မှု မပြတ်တောက်စေရန်အတွက် ကျပ်ငွေတစ်ထောင် ကြိုတင်ဖြည့်သွင်းပေးထားမည်ဟုလည်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းဖုန်းနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းဖုန်းများအား ဧပြီလ ၂၇ ရက်နေ့မှ စတင်၍ One Stop Service ဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ မိုဘိုင်းဖုန်းများအား One Stop Service စနစ်ဖြင့် ရောင်းချ ပေးရာတွင် ရွှေဂုံတိုင် မိုဘိုင်းဆက်သွယ်ရေးစီးပွားဌာန၊ ပန်းဆိုးတန်း မိုဘိုင်းဆက်သွယ်ရေး စီးပွားဌာန၊ အလုံမိုဘိုင်း ဆက်သွယ်ရေး စီးပွားဌာန၊ ရန်ကုန်တိုင်းစီးပွားဌာန(စာတိုက်ကြီး)၊ လမ်း(၄၀) အော်တိုတယ်လီဖုန်း စီးပွားဌာနစသည့်နေရာများတွင် ရောင်း ချပေးနေကြောင်း သိရသည်။