Pages

Monday, May 28, 2012

လူထောင်ချီပါဝင်သည့် ပုသိမ်မြို့ ဖယောင်းတိုင် လှုပ်ရှားမှု ငြိမ်းချမ်းစွာပြီးစီး



မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်-YPI

လျှပ်စစ်မီးမှန်ရေးအတွက် ဖယောင်းတိုင်ထွန်းညှိကာ ဆန္ဒထုတ်ဖေါ်ကြသည့် ပုသိမ်လူထု၏ တတိယမြောက်နေ့ လှုပ်ရှားမှုမှာ ၈နာရီ ၁၅ မိနစ်ဝန်းကျင်က ငြိမ်းချမ်းစွာပြီးစီးသွားသည်ဟု သိရသည်။

မြို့ထဲမှ လာရောက်သည့် လူအုပ်ကြီးနှင့် အပင်နှစ်ဆယ်ဘက်မှ လာရောက်သည့် လူအုပ်တို့ ပေါင်းဆုံပြီး ရွှေစည်းခုံဘုရားတွင် ဖယောင်းတိုင် ထွန်းညှိပူဇော်ပြီးနောက် ဆန္ဒထုတ်ဖေါ်ပွဲကို အဆုံးသတ်လိုက်ကြသည်။

ပုသိမ်မြို့တွင် ယနေ့ ပြုလုပ်သည့် လှုပ်ရှားမှုစတင်စဉ်က လူ ၅၀၀ ၀န်းကျင်ဖြင့်စတင်လိုက်သော်လည်း နောက်ပိုင်းတွင် လူထောင်နှင့်ချီပါဝင်လာကာ ၃ ရက်အတွင်းလူအများဆြုံး ဆန္ဒထုတ်ဖေါ်ပွဲဖြစ်သည်ဟု ပုသိမ်မြို့ခံများက ပြောသည်။
 Yangon Press International