Pages

Saturday, May 19, 2012

ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးပွဲ


ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးပွဲ
ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ လက်ဆွဲ နှုတ်ဆက်နေစဉ်
 
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ တက်ရောက်လာသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဗိုလ်ချုပ်ကြီးစိုးဝင်း
၂။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
၃။ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
၎။ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး
၅။ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး
၆။ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်
၇။ ဗိုလ်ချုပ်စိုးထွဋ်
၈။ ဗိုလ်ချုပ်သန်းထွန်း
၉။ ဗိုလ်မှုးချုပ်ထွန်းထွန်းနောင်
၁၀။ ဗိုလ်မှုးကြီးကျော်စိုးဝင်း
၁၁။ ဗိုလ်မှုးကြီးအောင်သူ

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ တက်ရောက်လာသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်
၂။ ဦးတင်ခေး
၃။ ဦးစ၀်ခွန်ဆိုင်း
၎။ ဦးအောင်မောင်း
၅။ ဦးစ၀်ဟန်ယောင်ဟွေ
၆။ ဦးဘောင်ခေး
၇။ ဦးစိုင်းလူး
၈။ ဦးအောင်တိန်း
၉။ ဦးစ၀်ပင်ခမ်း
၁၀။ ဦးစ၀်ခွန်မိဏ်း
၁၁။ ဦးစိုင်းငင်း
၁၂။ ဦးစိုင်းဟန်

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် လက်ရှိအချိန်ထိ ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
"ကျွန်တော်တို့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလာတာဟာ ပြည်ထောင်စုအဆင့်ဆိုရင်ပဲ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ၁၆ ရက် ၁ လ ၂၀၁၂ ခုနှစ်မှာ ပထမအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပါတယ်။ အခု ကျွန်တော်တို့ ဒုတိယအကြိမ် ဆွေးနွေးမှာကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ၁၆ ရက် ၁ လ ၂၀၁၂ ခုနှစ်မှာ ဆွေးနွေးခဲ့ကြတဲ့ အချို့လုပ်ငန်းပိုင်းဆိုင်ရာ လက်တွေ့အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေ ရှိနေတာကို ပြန်လည်ပြီး ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ 
ကျွန်တော်တို့ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဒီနေ့ ဆွေးနွေးပွဲမှာ ပွင့်လင်းစွာနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်ချက်တွေ ချသွားနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အေးချမ်းသာယာရေးနဲ့ တိုးတက်ရေးအတွက် လူသားအားလုံးရဲ့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။ အတိတ်က ကြုံလာတဲ့ သမိုင်းတွေ ရှိခဲ့ပါတယ်။ ကြုံခဲ့တဲ့သမိုင်းတွေကိုလည်း မေ့လို့ မရပါဘူး။ ရှေ့မှာ ပြန်လည်ပြီး ငြိမ်းချမ်းရေး တည်ဆောက်သွားမယ် ဆိုတာကလည်း ဒါဟာ အင်မတန်မှ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ အတိတ်က ကြုံခဲ့တဲ့ သမိုင်းတွေကိုတော့ မေ့ပြစ်လို့မရပါဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုတဲ့နေရာမှာ အရေးအကြီးဆုံးအချက်က နားလည်မှုတွေပါပဲ။ လွတ်လပ်စွာနဲ့ တွေ့ဆုံမှုတွေ၊ အပြန်အလှန် ရင်းနှီးမှုတွေကလည်း အင်မတန်မှ အရေးကြီးပါတယ်။ စည်းလုံးညီညွတ်မှု တည်တံ့ခိုင်မြဲဖို့ ဆိုတဲ့နေရာမှာ ဘယ်နေရာမှာ အဓိကကျလဲဆိုရင် ကျွန်တော်တို့ရဲ့ အပြန်အလှန် ယုံကြည်မှုပေါ်မှာ အဓိကကျပါတယ်။ ကျွန်တော်တို့ အဘက်ဘက်နဲ့ လက်တွဲပူးပေါင်းပြီး မဆောင်ရွက်ရင် ဒီမူးယစ်ဆေးဝါးဆိုတာ ပပျောက်သွားမှာ မဟုတ်ပါဘူး။ မူးယစ်ဆေးဝါး ပြဿနာဟာ ပြည်ထောင်စု မြန်မာနိုင်ငံကြီးကို နာမည်ပျက်စေတဲ့ ပြဿနာကြီးပဲ ဖြစ်ပါတယ်။ နာမည်ပျက်တယ်ဆိုတာဟာ ပြည်သူတွေ လူငယ်တွေ ဘ၀ပျက်တာလောက် အရေးမကြီးသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ လက်တွဲပူးပေါင်းပြီး မူးယစ်ဆေးဝါးနှိမ်နှင်းရေးဟာ အင်မတန်မှ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်တယ်ဆိုတဲ့နေရာမှာ စစ်အင်အားသုံးပြီး၊ မူးယစ်ဆေးဝါးတိုက်ဖျက်တဲ့ ပုံစံမျိုး ရည်ရွယ်ခြင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုတွေရဲ့ဘ၀ကို မြှင့်တင်ပေးရေး၊ ပြုစုပျိုးထောင်ပေးရေး ကိစ္စများနဲ့၊ မူးယစ်ဆေးဝါးတိုက်ဖျက်သွားတဲ့ အချက်ပဲဖြစ်ပါတယ်။ စစ်အင်အားသုံးပြီး မူယစ်ဆေးဝါး တိုက်ဖျက်သွားရင် ဒါဟာ ပပျောက်သွားမှာ မဟုတ်ပါဘူး။ ဒါကလည်း နိုင်ငံတော်အစိုးရကလည်း လက်တွေ့ကျကျ လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ သိရမှာ ဘိန်းစိုက်ပျိုးတဲ့ ပြည်သူတွေအတွက် ဘိန်းအစားထိုး စိုက်ပျိုးဖို့ ဘယ်လို နည်းပညာတွေ ပေးရမလဲ။ သူတို့အတွက် ဘယ်လို ဈေးကွက်ရှာပေးရမလဲ။ ပြုစုပျိုးထောင်ပေးရမလဲ။ ဒီအချက်တွေပေါ်မှာ မူတည်တာ။ အဓိကကျတဲ့အချက်တွေ ဖြစ်ပါတယ်"ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားခဲ့ပါသည်။