Pages

Saturday, May 19, 2012

အိုလံပစ်မီးရှူးတိုင် လန်ဒန်ရောက်ပြီ

Saturday, May 19, 2012               Eaint Than Zin  


အိုလံပစ် မီးရှူးတိုင်ကိုကမ္ဘာကျော် ဘောလုံးသမား အင်္ဂလန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း မီးထွန်းညှိအပြီးမြင်တွေ့ရစဉ်

၂၀၁၂ နှစ် လန်ဒန် အိုလံပစ်အတွက် လန်ဒန်ကနေ မိုင်ပေါင်း ၈၀၀၀ လောက်ဝေးတဲ့ ဂရိနိုင်ငံ၊ အေသင်မြို့ကနေ ရက်ပေါင်း ၇၀ ကြာ လက်ဆင့်ကမ်း သယ်ဆောင် လာတဲ့ အိုလံပစ် မီးရှူးတိုင်ဟာ ဒီကနေ့ပဲ လန်ဒန်ကို ရောက်လာ ပါပြီ။

ဒါဟာ နှစ်ပေါင်း ၆၄ နှစ် အတွင်းမှာ ဗြိတိန်နိုင်ငံအတွက် ပထမဆုံး အိုလံပစ်မီးရှူးတိုင် ဆိုက်ရောက်လာခြင်းလည်းဖြစ်ပါတယ်။

အဲဒီ အိုလံပစ်မီးရှူးတိုင်ကို အင်္ဂလန်လက်ရွေးစင် ဘောလုံး ကစားသမားဟောင်း ဒေးဗစ် ဘက်ခမ်းက မီးထွန်းညှိပေးပါ တယ်။

မီးရှူးတိုင် သယ်လာသည့် လေယာဉ်
ဒေးဗစ်ဘက်ခမ်းက အေသင် အိုလံပစ်ကော်မတီထံက မီးရှူးတိုင် လက်ဆင့်ကမ်းစဉ်
အိုလံပစ်မီးရှူးတိုင်ကို ဒေးဗစ်ဘက်ခမ်းက မီးထွန်းညှိပေးနေစဉ်

အိုလံပစ်မီးရှူးတိုင်ကို သယ်ဆောင်လာသည့် လေယာဉ်ပေါ်တက် လက်ဆင့်ကမ်းသယ်ယူကြတဲ့ ဒေးဗစ်ဘက်ခမ်းနှင့်အဖွဲ့
လေယာဉ်ပေါ်မှာ အခုလို ခုံလွတ် ၂ ခုနဲ့ လုံခြုံရေး ရဲအရာရှိတဦးနဲ့ သယ်ဆောင်လာခဲ့စဉ်
လွန်ခဲ့တဲ့ ၆၄ နှစ်က အိုလံပစ်မီးရှူးတိုင်ကို သယ်ဆောင်လာခဲ့စဉ်က