Pages

Wednesday, May 2, 2012

Italian Thai အများပိုင်ကုမ္ပဏီမှ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအား ရပ်ဆိုင်းခြင်း မဟုတ်ပဲ ယခုနှစ်အတွက် ဘဏ္ဍာရေးနှစ်ကုန် ငွေစာရင်းရှင်းတမ်းကိုသာ ပြုလုပ်နေခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ပြောကြား

Tuesday, 01 May 2012 11:05
ထားဝယ်ရေနက်ဆိပ်ကမ်းအား တည်ဆောက်မည့် Italian Thai အများပိုင်ကုမ္ပဏီမှ စီမံကိန်းအား ရပ်ဆိုင်းလိုက်ခြင်းမဟုတ်ပဲ ယခုနှစ်အတွက် Italian Thai အများပိုင် ကုမ္ပဏီအနေဖြင့် ဘဏ္ဍာရေး နှစ်ကုန် ငွေစာရင်းရှင်းတမ်း ကာလကိုရောက်ရှိ ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပါသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအား ရပ်ဆိုင်းလိုက်ပြီဟု သတင်းထွက်ပေါ်လာသော်လည်း စီမံကိန်းအား ရပ်ဆိုင်းခြင်းမဟုတ်ပဲ ယခုနှစ်အတွက် ဘတ်ဂျက်ကိုသာ ရပ်ဆိုင်းခြင်းဖြစ်ကြောင်း ဧပြီလ ၂၉ရက်နေ့က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် ၀န်ကြီးဌာနတာဝန်ရှိသူများနှင့် မီဒီယာများတွေ့ဆုံပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်ကပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
“ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းရပ်တာ မဟုတ်ပါဘူး။ Italian Thai အများပိုင်ကုမ္ပဏီက Financing Close ကာလရောက်လို့ ဘဏ္ဍာရေးရှင်းတမ်း လုပ်နေတာပါ။ ကျွန်တော်တို့ဌာနတွေမှာလည်း ရှိတယ်လေ မတ်လ ၃၁ ရက်နေ့ဆို ဘဏ္ဍာရေးနှစ်ကုန် ရှင်းတမ်းရတယ်။ ဒီသဘောပါပဲ ကုမ္ပဏီကလည်း Financing Close ရောက်လို့လုပ်နေတာပါ။ ဒါကို ဘာသာပြန်လွဲသွားပြီး စီမံကိန်းရပ်တယ်လို့ ထင်သွားတာပါ။ အင်တာနက်မှာ တက်နေတဲ့ သတင်းမှားပါတယ်”ဟု ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။