Pages

Friday, May 25, 2012

NLD ပါတီ အလုပ်သမားများဘက်က ရပ်တည်မည်

RFA Burmese


အခြေခံအလုပ်သမားလစာ တိုးမြှင့်ရေး ဆန္ဒပြတောင်းဆိုနေကြတဲ့ လှိုင်သာယာစက်မှုဇုန်က အလုပ်သမား တွေအရေးအတွက် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO ကို တင်ပြ
ဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ဒီကနေ့ ပြောဆိုပါတယ်။

NLD ရုံးချုပ်မှာ မနေ့က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အစည်းအဝေးမှာ ဆန္ဒပြ အလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးပြီး အခုလို စီစဉ်ဆုံးဖြတ် ခဲ့တာဖြစ်တယ်လို့ NLD ပါတီ သဘာပတိအဖွဲ့ ဥက္ကဌ ဦးတင်ဦးကပြောပါတယ်။
မနေ့က နေ့လည်က လှိုင်သာယာစက်မှုဇုန် နေမင်းအောင် အထည်ချုပ် စက်ရုံက အလုပ်သမား ကိုယ်စားလှယ်တွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို လာရောက်ပြီး သူတို့ရဲ့ အခက်အခဲတွေ ကို တင်ပြခဲ့ကြပါတယ်။ ဆန္ဒပြအလုပ်သမားတွေ အနေနဲ့ဆက်လက်ဆန္ဒပြနေမယ်ဆိုရင် အလုပ်က ထုတ်ပယ်မှာဖြစ်ကြောင်းပြောဆိုတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လာရောက်
တင်ပြကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး က အလုပ်သမား ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံပြီး ၊ အလုပ်သမားတွေ အနေနဲ့ မိမိတို့ရဲ့ အခွင့်အရေးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ တောင်းဆိုကြဖို့၊ အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် NLD ကကူညီဆောင်ရွက်မယ့်
အကြောင်းရှင်းပြခဲ့တယ်လို့ သိရပါတယ်။