AZG မှ တာဝန်ရှိသူများ ရှင်းလင်းပြောကြားနေစဉ်
နယ်စည်းမထား ဆရာဝန်များအဖွဲ့ Medicins Sans Frontieres - Holland (AZG)
မှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်လှအောင်ကို သက်ဆိုင်ရာမှ
ခေါ်ယူစစ်ဆေးမှုခံနေရခြင်းအပေါ် ၄င်းတို့အဖွဲ့မှ ဆက်လက်စုံစမ်းသွားမည် ဟု AZG ၏
ဒုတိယအကြီးအကဲဖြစ်သူ Ms. Vickie Hawkins က ပြောကြားခဲ့သည်။