Pages

Sunday, June 17, 2012

စီဒီအမ်အေ ၈၀၀ အတွက် အင်တာနက် လျှောက်ထားခြင်းကို ပြန်လည်လက်ခံ


Sunday, 17 June 2012 14:20
7377 စီဒီအမ်အေ ၈၀၀ ဖုန်းများအတွက် EVDO အင်တာနက် လျှောက်ထားခြင်းများကို ဇွန်လ ၁၂ ရက်နေ့ မှစ၍ ပြန်လည်လက်ခံနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းသို့ လျှောက်ထားခြင်းကို ရွှေဂုံတိုင်မိုဘိုင်း ဆက်သွယ်ရေးရုံး၊ ပန်းဆိုးတန်းမိုဘိုင်း ဆက်သွယ်ရေး ရုံးနှင့် အလုံမိုဘိုင်းဆက်သွယ်ရေး ရုံးများတွင် ဆောင်ရွက်နိုင်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ဆက်သွယ်ရေး ရုံးများတွင်လည်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။
အင်တာနက် လျှောက်ထားခြင်း အတွက် ကျပ်တစ်သောင်း ပေးသွင်းရမည်ဖြစ်ပြီး အသုံးပြုခမှာ တစ်မိနစ်လျှင် လေးကျပ်ဖြစ်သည်။ စီဒီအမ် အေ ၈၀၀ ဖုန်းများတွင် အင်တာနက် အသုံးပြုလိုသူများစွာ ရှိနေပြီး လျှောက်ထားသူ များပြားနေကြောင်း သိရသည်။
“မနက် ၁၀ နာရီကတည်းက လာတာ မွန်းတည့် ၁၂နာရီလောက်မှ ရတယ်။ ပွဲစားတွေနဲ့လုပ်ရင် ကျပ် တစ်သောင်းခွဲ ပေးရတယ်”ဟု အင်တာနက် သွားလျှောက်သူတစ်ဦးက ဇွန် လ ၁၃ ရက်တွင်ပြောပြသည်။
EVDO အင်တာနက်လျှောက်မည့် သူသည် ဖုန်းစာချုပ်မူရင်းနှင့် မိတ္တူ၊ ဖုန်းဆင်းကတ်နှင့် ဟန်းဆက် တို့ကို ယူဆောင်လာရန်လိုပြီး နံပါတ် အချို့မှာ ဆင်းကတ်လဲရန် မလိုသော်လည်း နံပါတ်အချို့မှာမူ ဆင်းကတ် ပြန်လည်လဲလှယ်ရကြောင်း သိရသည်။