Pages

Tuesday, June 26, 2012

လူမျိုးသတ်မှတ်မှု မှားယွင်းနေသော ရန်ကုန်နေ မွန်လူမျိုးများ၏ မှတ်ပုံတင် ပြန်လည် ပြင်ဆင်ပေးရန် စီစဉ်လျက်ရှိ

Posted by AF 
(ရန်ကုန်၊ ဇွန် ၁၄)
ရန်ကုန်တိုင်းဒေသကြီး အတွင်းနေထိုင်သော မွန်လူမျိုးများ၏ လူမျိုးအမည် လွဲမှားနေသော မှတ်ပုံတင် များကို လူမျိုးအမည် အမှန် ပြန်လည်ပြင်ဆင်ပေးရန် စီစဉ်လျက် ရှိကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နိုင်လှမောင်က ပြောသည်။
မှတ်ပုံတင်တွင် တိုင်းရင်းသား များ၏ လူမျိုးအမည် လွဲမှားနေခြင်းနှင့် ပြန်လည်ပြင်ဆင်ပေးရန် ရှိမရှိကို ပထမဆုံးအကြိမ် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်း အဝေးတွင် ရှမ်းပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ဌာနမှ ဗိုလ်ချုပ်မောင်ဦးက လူမျိုးအမည် အမှန်တကယ် လွဲမှားနေပါက ပြင်ဆင်ပေးမည်ဟု ပြန် လည်ဖြေကြားခဲ့သည်ဟု ၄င်းက ဆိုသည်။
‘အခုက စီစဉ်တဲ့ အဆင့်ပဲ ရှိ နေသေးတယ်။ ဒီနှစ်အတွင်းမှာ ပြင်ဆင်ရေး ကော်မတီ ဖွဲ့မယ် ၂ဝ၁၅ အမီပြင်သွားမယ်’ ဟု၎င်းကဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မွန်လူမျိုးများ အများအပြား နေထိုင် ကြသော်လည်း အများစု မှတ်ပုံတင် တွင် လူမျိုးအမည်ကို ‘ဗမာ’ လူမျိုးဟု သာ ထည့်ထားကြသည်။